Chapter 11
"သားSungChan"
ထမင်းစားနေတုန်းAppaမှခေါ်သဖြင့်SungChanစားနေလက်စကိုရပ်ကာပြန်ထူးလိုက်သည်။
"သားအခုShotaroလေးနဲ့တွဲနေတာလား"
Appaမေးလိုက်သည့်မေးခွန်းကြောင့်SungChanအနည်းငယ်တော့အံ့သြသွားမိသည်။
"ဟုတ်...ဟုတ်ပါတယ်Appa"
Appaကခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်လိုက်ပြီး
"သားချစ်တာကချစ်လို့ရပါတယ်Appaတို့မတားပါဘူးဒါပေမဲ့မနာကျင်ရပါစေနဲ့ငါ့သား....Shotaroလေးကိုလည်းစိတ်ဒဏ်ရာတွေမပေးမိစေနဲ့"
"ဟုတ်ကဲ့ပါAppaသားShotaroကိုတစ်ကယ်ချစ်တာပါဒီစကားကAppaတို့အတွက်မယုံကြည်နိုင်စရာကောင်းပေမဲ့သားတစ်ကယ်စိတ်ရင်းနဲ့ပြောတာပါ"
"အေးပါယုံပါတယ်"
Appaဆီမှအခုလိုပြောလာတော့SungChanနည်းနည်းစိတ်သက်သာရာရသွားသည်။သူYuJinကိုချစ်ခဲ့တုန်းကစိတ်ရင်းနဲ့ချစ်ခဲ့တယ်လို့ထင်ခဲ့မိတာဒါပေမဲ့အဲ့ဒီ့အချစ်တွေကစိတ်ခံစားချက်ကိုပဲဦးစားပေးလွန်းပြီးချစ်ခဲ့တဲ့အချစ်တွေ။
ဒါပေမဲ့အခုShotaroလေးကိုကျတော့နှလုံးသားကကောဦးနှောက်ကပါချစ်သည်။ဘယ်လိုအချစ်လဲတော့SungChanရေရေရာရာမပြောတတ်ပေမဲ့သူချစ်သည်။
သူYuJinကြောင့်နာကျင်ခဲ့ရပေမဲ့သူ့ကြောင့်တော့Shotaroလေးကိုမနာကျင်စေချင်။ရိုးသားပြီးဖြူစင်လွန်းတဲ့Shotaroလေးသူ့ကြောင့်နာကျင်သွားမှာကိုSungChanအကြောက်ဆုံးပင်ဖြစ်သည်။
.....................
ခြံထဲကနေပြေးပြီးထွက်လာတဲ့သူ့အကောင်ပေါက်လေးကိုSungChanမြတ်နိုးစွာကြည့်မိသည်။
"Hyungသွားမယ်လေ"
"အင်း"
ကားပေါ်ရောက်တော့SungChanမှ...
"ကိုယ့်babyလေးကိိုစိတ်မချနိုင်တော့ဘူး"
"ဘာလို့လဲHyungရဲ့"
"Taroလေးကအရမ်းချစ်ဖို့ကောင်းနေလို့လေ"
နှာခေါင်းလုံးလုံးလေးကိုအသာဆွဲညစ်ပြီးပြောလိုက်တော့ဟိုကနှာခေါင်းလေးရှုံ့ကာရယ်နေလေရဲ့။ပြီးတော့သူတို့နှစ်ယောက်ရဲ့ဦးတည်ရာကျောင်းတော်ဆီသို့လာလိုက်ကြသည်။
..................
"Shotaro?"
"Hmm"
နာမည်ခေါ်သံကြား၍လှည့်ကြည့်မိတော့
"ဟယ်....Yuta Hyung"
"Shotaroဟုတ်နေတာပဲ"
"Hyungဘယ်တုန်းကရောက်တာလဲ"
"ရှေ့တစ်လကမှပြောင်းလာတာShotaroပြောင်းသွားတာသတင်းကြားတယ်ဒါပေမဲ့ဒီလိုကျောင်းတူနေမယ်လို့မထင်ထားဘူး"
"ကျွန်တော်ကောပဲHyungမိဘတွေကောနေကောင်းတယ်မလား"
"ဒေါင်ဒေါင်မြည်ပဲ"
Shotaroသူ့ရဲ့ငယ်ငယ်လေးကတည်းကဂျပန်မှာအကိုရင်းတစ်ယောက်လိုခင်လာခဲ့တဲ့Yutaကိုတွေ့တော့စကားပြောဖြစ်နေမိသည်။နှစ်ယောက်သားကခင်လာခဲ့ကြတာလည်းကြာပြီဒါပေမဲ့မတွေ့ရတာကShotaroကကိုရီးယားကိုစပြောင်းလာကတည်းကဆိုတော့အနည်းငယ်တော့ကြာနေပြီဖြစ်သည်။
YutaကShotaroကိုဆိုချစ်ဖို့ကောင်းလွန်းလို့ငယ်ငယ်ကတည်းကညီလေးအရင်းတစ်ယောက်လိုဆက်ဆံလာခဲ့သည်။Shotaroကလည်းတစ်ဦးတည်းသောသားဖြစ်သည့်အလျောက်သူ့ကိုညီလေးလိုဂရုစိုက်ပေးတဲ့Yutaကိုအကိုအရင်းတစ်ယောက်လိုဆက်ဆံသည်။
"Shotaroစာကောသေချာလိုက်လုပ်နိုင်ရဲ့လား"
"ဒါပေါ့Hyungရဲ့"
"Shotaroကဘယ်အချိန်ကြည့်ကြည့်ချစ်ဖို့ကောင်းနေတာပဲနော်"
Yutaမှာပြောရင်းဆိုရင်းShotaroပါးလေးတစ်ဖက်ကိုဆွဲညစ်ကာပြောလိုက်သည်။
ထိုစဥ်ရုတ်တစ်ရက်Shotaroဆောင့်ဆွဲခံလိုက်ရပြီးYutaကလည်းအနောက်ကိုအနည်းငယ်ဆုတ်သွားမိသည်။
အကြောင်းမှာSungChanကသူတို့နှစ်ယောက်ကြားထဲဝင်လာသောကြောင့်ဖြစ်သည်။
...................
SungChanတစ်ယောက်သူ့babyလေးအတန်းချိန်ပြီးတာသိတော့Shotaroတို့အဆောင်ဘက်ကိုလာခဲ့လိုက်သည်။
လာရင်းနဲ့ကော်ရစ်တာနားမှာShotaroကိုလူတစ်ယောက်နဲ့စကားပြောနေတာမြင်၍သူလည်းလှမ်းခေါ်မလို့လုပ်တုန်းထိုလူကသူ့Taroလေးပါးကိုဆွဲလိုက်တာမြင်သွားသည်။
ချစ်ခြင်းနဲ့အမြဲလိုလိုဒွန်တွဲလျက်ရှိတဲ့မနာလိုသဝန်တိုခြင်းကြောင့်SungChanအနည်းငယ်ဒေါသထွက်သွားကာသူတို့နားအမြန်သွားပြီးShotaroကိုသူ့ဘက်ဆွဲလိုက်သည်။Yutaကိုလည်းတွန်းထုတ်လိုက်သည်။
"Hyung!"
"မင်းဘာလုပ်တာလဲ"
"အဲ့တာငါမေးရမှာမင်းကမှငါ့ကောင်လေးကိုဘာလုပ်တာလဲ"
"ကောင်လေး?"
"အေးငါကShotaroရဲ့ကောင်လေးပဲဒါကြောင့်ငါ့ကောင်လေးကိုမထိနဲ့"
ဟုပြောကာShotaroကိုဆွဲ ပြီးခေါ်လာလိုက်သည်။
"Hyungလွှတ်ပေးဦး.....နာတယ်လို့"
Shotaroနာတယ်ဟုပြောလာမှSungChanလက်ကိုလွှတ်ပေးမိလိုက်သည်။သူအားနဲ့ဆွဲခေါ်လာလို့လားမသိ။လက်ကောက်ဝတ်လေးမှာအနည်းငယ်နီရဲနေသည်။
"ဆောရီး...ကိုယ်အားနဲနဲပါသွားတယ်"
"Hyungဘာလို့အဲ့လိုလုပ်ရတာလဲ"
"ဘာကိုလဲ"
"Yuta hyungကိုပြောတာ"
"အဲ့ကောင်ကTaroကိုထိလို့လေ"
"သူနဲ့ကျွန်တော်နဲ့ကဘာမှမဟုတ်ပါဘူးအရင်တုန်းကတည်းကခင်ခဲ့ကြလို့သူကအမြဲတမ်းကျွန်တော့်ကိုစနေကြ"
"ဘာပဲဖြစ်ဖြစ်ကိုယ်မကြိုက်ဘူးTaroကိုထိရင်တောင်ကိုယ်ပဲထိမှာ"
Shotaroလည်းသက်ပြင်းသာတစ်ချက်ချမိသည်။
"အင်းဒါဆိုပြန်ရအောင်"
.........................
SungChanကားသာမောင်းနေရတယ်။စိတ်ကတော့ဘေးကShotaroဆီမှာသာ။ကျောင်းကစထွက်လာကတည်းကသူ့ကိုလှည့်လည်းမကြည့်စကားလည်းတစ်ခွန်းမှမပြောတော့သူသိလိုက်ပါပြီ။
Shotaroသူ့ကိုစိတ်ကောက်နေပြီဆိုတာ။ဘယ်တတ်နိုင်မလဲ။ချစ်လွန်းတော့အထိခိုက်မခံနိုင်တာSungChanအပြစ်ရယ်တော့မဟုတ်ပါလေ။ဒါပေမဲ့စိတ်ကောက်နေတဲ့အကောင်ပေါက်လေးကိုသူချော့ရဦးမည်။ဒါကြောင့်အိမ်ကိုပြန်မပို့သေးဘဲကားကိုU turnကွေ့လိုက်ကာနေရာတစ်ခုစီသို့ဦးတည်မောင်းလိုက်သည်။
"Hyungအိမ်မပြန်ဘဲဘယ်သွားနေတာလဲ"
SungChanပြုံးလိုက်ပြီး....
"ရောက်ရင်သိပါလိမ့်မယ်"
မိနစ်နှစ်ဆယ်လောက်မောင်းပြီးသွားတော့ရောက်လာသည့်နေရာကြောင့်Shotaroအံ့သြရသည်။
SungChanခေါ်လာသည့်နေရာကNamSan Seoul towerကိုဖြစ်သည်။ညအချိန်ရောက်ပြီဖြစ်တာမလို့မီးရောင်စုံများကလည်းတစ်လက်လက်တောက်ပလျက်ရှိသည်။
SungChanနဲ့Shotaroလည်းကားပေါ်မှဆင်းလိုက်ကြပြီးSungChanကShotaroလက်ကလေးကိုဖြည်းညင်းစွာကိုင်လိုက်သည်။
"ကိုယ့်ကိုစိတ်ကောက်နေမှန်းသိလို့ဒီကိုတစ်မင်ခေါ်လာတာ"
"Hyungကိုဘယ်တုန်းကစိတ်ကောက်မိလို့လဲ"
"အာ့ဆိုစောနက ကားပေါ်မှာနှုတ်ခမ်းလေးစူပြီးစကားလည်းမပြောဘဲစိတ်ကောက်နေတာဘယ်သူလေးများလဲ"
SungChanမှShotaroမျက်နှာလေးနားငုံ့ပြီးပြောလိုက်တော့Shotaroကရှက်ကာအကြည့်လွှဲလိုက်လေသည်။
"လာကိုယ်တို့လမ်းလျှောက်ရအောင်"
ဟုပြောကာShotaroလက်လေးကိုဆွဲပြီးလျှောက်လမ်းလေးအတိုင်းလျှောက်လာကြသည်။လမ်းတစ်လျှောက်လုံးမီးရောင်စုံတို့မှလည်းလင်းလက်တောက်ပနေသည်မှာသူတို့နှစ်ယောက်ရဲ့ခြေလှမ်းတို့ကိုပိုလို့ပင်တောက်ပစေသည်။
ဘေးကအကောင်ပေါက်လေးကိုကြည့်လိုက်တော့မီးရောင်စုံလေးတွေကိုသဘောကျလို့ထင်ပါရဲ့။မျက်လုံးလေးများမှေးသည်အထိပြုံးနေသည်။စိမ်းပြာရောင်cardiganလေးနဲ့သူ့ရဲ့Shotaroဟာတစ်ကယ့်ကိုအပြစ်ကင်းစင်သည့်ကလေးလေးတစ်ယောက်နှယ်လှပလွန်းနေသည်။ပကာသနတွေမပါပါဘဲနဲ့ရိုးရိုးလေးကိုလှနေတာမျိုး။
သူငေးနေတုန်းမှာပဲ....
"Hyungခန!"
"ဘာလို့လဲ"
သူမေးတာပြန်မဖြေဘဲဘောင်းဘီအိပ်ကပ်ထဲကနေဖုန်းထုတ်ကာသူတို့နှစ်ယောက်လက်တွဲနေသည့်ပုံကိုရိုက်နေသည်။
"သူများတွေလည်းဒီလိုလေးတွေရိုက်ကြတာတွေ့ဖူးလို့"
စိတ်တိုင်းကျဓာတ်ပုံရိုက်ပြီးသွားတော့ကျေနပ်နေသည့်သူ့ကလေးလေး။
"Wow...င့ါHyungကဓာတ်ပုံထဲမှာလည်းတော်တော်ချောတာပဲ"
"အပြင်မှာပိုချောတာမဟုတ်ဘူးလား"
"အင်း......မဟုတ်ဘူးကျွန်တော်ကပိုချောတာ"
အဲ့လိုပြောလိုက်တော့ဖြစ်ပျက်သွားတဲ့SungChanမျက်နှာကိုကြည့်ပြီးShotaroတစ်ခစ်ခစ်နဲ့ရယ်ပါတော့သည်။
"ကဲ...ရုပ်ကြီးကဘယ်လိုဖြစ်နေတာလဲHyungရဲ့"
သူ့ကိုမချောဘူးပြောတော့နှုတ်ခမ်းကြီးဆူကာစိတ်ကောက်ယောင်ဆောင်နေသောသူ့ရဲ့SungChanကိုကြည့်ကာShotaroအသည်းယားလာတာနဲ့ခြေဖျားလေးထောက်ပြီးSungChanရဲ့ညာဘက်ပါးလေးကိုနမ်းလိုက်သည်။
"မွ😚"
Shotaroရဲ့ရုတ်တစ်ရက်အပြုအမူကြောင့်SungChanအနည်းငယ်တော့လန့်သွားမိသည်။Shotaroကသူ့ပါးကိုဒီလိုနမ်းလာမယ်လို့မှမထင်ထားခဲ့မိဖူးကို။
သူကလန့်ပြီးကြောင်နေတုန်းမှာပဲShotaroလေးကတော့နမ်းပြီးသူမဟုတ်တဲ့အတိုင်းခုန်ဆွခုန်ဆွနဲ့သွားလေရဲ့။
"နေ...နေဦးလေTaroလေး....ဘယ်ဘက်ပါးကျန်သေးတယ်လေ"
"NoNo....မရပါဘူးကျွန်တော်ကစျေးကြီးတယ်"
သူ့ကိုလှည့်ပြီးလက်လေးယှက်ကာစနေသောအကောင်ပေါက်လေးကိုSungChanပြေးပြီးကောက်ပွေ့လိုက်သည်။
"ကိုယ်ကစျေးကြီးတာတွေပိုကြိုက်တာ"
"Hyungဘာကိုပြော....အု"
Shotaroစကားဆက်ပြောလို့မရတော့ချေ။အကြောင်းမှာSungChanကShotaroရဲ့နှုတ်ခမ်းများကိုသိမ်းပိုက်ကာနမ်းရှုံ့လိုက်သောကြောင့်ပင်ဖြစ်သည်။
SungChanဟာနမ်းတာတော်တယ်ဟုပဲပြောရမလား။Shotaroရဲ့နှုတ်ခမ်းများကိုနမ်းနေသည်မှာဒီလူသားဟာငါ့အပိုင်ဟုပဲပြောနေသလို။Shotaroဟာလည်းSungChanအနမ်းများကိုလိုက်လို့ပင်မမှီတော့ချေ။အသက်ကိုမနည်းရအောင်ရှူကာပြန်လည်တုံ့ပြန်နေရသည်။
NamSan Seoul towerရဲ့အလှဟာတော်တော်ပင်လှပါသည်။ဒါပေမဲ့towerရဲ့လျှောက်လမ်းမှာနှစ်နှစ်ခြိုက်ခြိုက်နမ်းနေကြသည့်ကောင်လေးနှစ်ယောက်ကတော့ပြီးပြည့်စုံကာလှနေတဲ့ညလေးကိုပိုလို့ပင်လှပစေပါတော့သည်။
__________________________________________
Updateကြာသွားလို့တောင်းပန်ပါတယ်နော်🙏နောက်ဆိုအရမ်းမကြာစေရပါဘူးနော်😊
Thanks for reading🌸
Bạn đang đọc truyện trên: TruyenTop.Vip