Chapter 12

ဒီနေ့လည်းထုံးစံအတိုင်းSungchanကျောင်းမသွားခင်သူ့ရဲ့ချစ်တုံးလေးအိမ်ကိုအရင်သွားလိုက်သည်။သူ့ကားအိမ်ရှေ့ရပ်ရုံရှိသေးတယ်။အကောင်ပေါက်လေးကပြေးလာသည်။ဒီတစ်ခါတော့မနက်စာစားပြီးသွားလို့ထင်ပါရဲ့။

Shotaroကားထဲကိုဝင်ထိုင်လိုက်တော့Sungchanမှ...

"ဒီနေ့တော့စောစောနိုးတယ်ပေါ့"

"ဟုတ်တယ်Hyungအဒေါ်ကအလုပ်အစောသွားရမှာမလို့လေ"

"ဟုတ်ပါပြီဒါဆိုသွားကြမယ်လေ"

"ဟုတ်ကဲ့"

ဒီလိုနဲ့သူတို့နှစ်ယောက်လည်းကျောင်းကိုလာလိုက်ကြသည်။နှစ်ယောက်ရဲ့ဘဝကပုံမှန်ပါပဲ။ကျောင်းတူတူလာတယ်။တူတူပြန်တယ်။နှစ်ယောက်လုံးတွဲနေတဲ့အတောအတွင်းကိုတစ်ခါမှရန်လည်းမဖြစ်ဖူးကြချေ။

မနေ့ညနေကသာShotaroကပထမဦးဆုံးအနေနဲ့စိတ်ဆိုးခြင်းဖြစ်သည်။တော်ပါသေးရဲ့။Sungchanချော့ရလွယ်လို့။Sungchanသိပါတယ်။Shotaroကစိတ်ဆိုးစိတ်ကောက်လွယ်တဲ့ကောင်လေးမဟုတ်ဘူးဆိုတာ။

သူ့ကိုလည်းနားလည်ပေးသည်။ဒီလိုကျပြန်တော့ShotaroကYujinနဲ့တစ်ခြားစီပင်။Yujinကတော့အဲ့လိုမဟုတ်။အားနေလိုက်သဝန်တို...စိတ်ကောက်နဲ့။Sungchanပဲအလျှော့ပေးပြီးချော့ခဲ့ရသည်။

ပြန်စဥ်းစားကြည့်ပြန်တော့လည်းသူYujinကိုတော်တော်အလိုလိုက်ခဲ့မိတာပဲ။ဒါပေမဲ့အခုတော့သူ့ဆီမှာYujinထက်အများကြီးသာတဲ့ချစ်သူကောင်လေးရထားပြီလေ။သူအရမ်းချစ်ရတဲ့ကောင်လေးပေါ့။

Sungchanရဲ့မိဘနှစ်ပါးလုံးကလည်းShotaroလေးကိုသဘောကျကြသည်။ဒါကြောင့်Sungchanစိတ်ချရခြင်းဖြစ်သည်။လက်ထပ်ဖို့ထိတော့သူမတွေးရဲသေးပါဘူး။သူချစ်လို့မှမဝသေးဘဲကို။ချစ်သူဘဝလေးကိုပဲဆက်ပြီးကုန်ဆုံးရင်းShotaroလေးကိုချစ်ဦးမည်ဟုသာစဥ်းစားထားသည်။

သူကမကြာခင်ကျောင်းပြီးတော့မှာဆိုတော့ဘွဲ့ရပြီးအလုပ်အကိုင်လည်းအဆင်ပြေမှလက်ထပ်ဖို့သူစဥ်းစားထားသည်။Shotaroလေးအတွက်အားကိုးရတဲ့ယောကျာ်းတစ်ယောက်သူဖြစ်ချင်သည်လေ။
.................

"Hyungဒီနေ့ညနေပိုင်းကျွန်တော်အတန်းရှိတယ်"

"ဟင်...အဲ့တာဆို"

"အဲ့တာဒီနေ့တစ်ရက်တော့Hyungတစ်ယောက်တည်းအရင်ပြန်လိုက်လို့"

"ရပါတယ်ကိုယ်စောင့်လိုက်ပါ့မယ်"

"Hyungစောင့်နေရရင်အားနာစရာကြီးလေ"

"ဟာ...ကိုယ်ကို့အားနာစရာလိုလို့လားTaroလေးရဲ့"

"ဒါပေမဲ့...."

"ဘာမှဒါပေမမဲ့နဲ့ကိုယ်စောင့်မယ်ပြီးမှTaroလေးနဲ့တူတူအိမ်ပြန်မယ်ဟုတ်ပြီလား"

"ဟုတ်ကဲ့"
.................

ဒီလိုနဲ့Shotaroစာသင်ချိန်ပြီးတဲ့အထိSungChanကစောင့်နေပေးတာပေါ့။ပုံမှန်အတိုင်းကျောင်းကနေအိမ်ကိုတူတူပြန်ကြမယ်လို့တွေးရင်းနဲ့ပေါ့။

ဒါပေမဲ့တစ်ခါတစ်လေကျတော့ကိုယ်တွေးထားသလိုမဖြစ်လာနိုင်ဘူးလေ။တူတူပျော်ပျော်ရွှင်ရွှင်ပြန်မယ်လို့တွေးထားတဲ့SungChanရဲ့အတွေးလေးဟာလေထဲမှာတင်ပဲပျောက်ကွယ်သွားလေမလား......။
.....................

SungChanလည်းShotaroလေးကိုအဆောင်ရဲ့တစ်ဖက်ကသစ်ပင်နားမှာစောင့်နေလိုက်သည်။တစ်ခြားမေဂျာကလူတွေကတော့ပြန်သွားကြပြီထင်ပ။လူတော့သိပ်မရှိတော့ချေ။

ဒီလိုနဲ့စောင့်နေတုန်းမှာပဲသူ့နာမည်ကိုခေါ်လိုက်သည့်လူတစ်ယောက်။

"SungChan nah"

အသံကိုကြားရုံနဲ့တင်ဘယ်သူမှန်းSungChanသိပါသည်။ဒီလိုလေသံနဲ့သူ့နာမည်ကိုခေါ်တတ်တာတစ်ကမ္ဘာလုံးမှာတစ်ယောက်ပဲရှိသည်။

Yujin။တစ်ချိန်ကတော့အဲ့ခေါ်သံလေးကိုပဲSungChanမြတ်နိုးခဲ့ရတာပေါ့။ဒါပေမဲ့အခုတော့ခေါ်လိုက်တာနဲ့တင်နားထဲကိုသံရည်ပူလောင်းထည့်လိုက်သည့်နှယ်စိတ်ပျက်ဖို့ကောင်းနေလေပြီ။အဲ့အစားShotaroရဲ့Japanလေသံလေးရောနေတဲ့ Hyung ဆိုတဲ့ခေါ်သံလေးကမှနားဝင်ချိုလှသည်။

"SungChan nahငါခေါ်တာမကြားဘူးလား"

YujinမှာSungChanရဲ့ပခုံးကိုထိရင်းပြောလိုက်သည်။ထိုအခါSungChanမှချက်ချင်းအနောက်တွန့်လိုက်ပြီး....

"ဘာလာလုပ်တာလဲ"

"ဟက်...SungChanကဟာသတွေပြောတာပဲဟိုဘက်ကYujinမေဂျာဆောင်လေ..မသိတော့ဘူးလားအရင်ကဆိုအမြဲလာစောင့်ပေးနေကျကို"

"ကျစ်...မလိုတာတွေမပြောပါနဲ့လား"

"ဟုတ်ပါပြီဒါဆိုပြောစရာစကားရှိတယ်"

"ငါတော့မရှိဘူးသွားပြီ"

SungChanလည်းYujinနဲ့သူနဲ့ကိုShotaroလေးမြင်သွားရင်တစ်မျိုးထင်နေမှာစိုး၍ထိုနေရာမှထွက်သွားမယ်အလုပ်...

"နေပါဦးSungChanရဲ့Yujinပြောစရာရှိသေးတယ်လေ"

YujinမှာSungChanလက်ကိုအတင်းဆွဲကာတားထားလေသည်။SungChanလည်းYujinအကြောင်းသိနေတာမလို့မြန်မြန်ပြောပြီးနားအေးတယ်ဟုတွေးကာ

"အေးအဲ့တာဆိုလည်းမြန်မြန်ပြော"

"ဟိုဟာလေ.....Yujinလုပ်ခဲ့တဲ့ကိစ္စကြောင့်SungChan Yujinကိုမုန်းနေတယ်ဆိုတာသိပါတယ်...ဒါပေမဲ့လေYujinနောက်ပိုင်းသိလိုက်ရတာကYujin SungChanကိုတစ်ကယ်ချစ်တာ။ဟိုတစ်ယောက်နဲ့ကဒီအတိုင်းခနစိတ်ကစားမိသွားတာ။သူနဲ့တွဲနေတုန်းYujinလေSungChanကိုအရမ်းသတိရတာပဲသိလား။"

Yujinမှာအသံကိုမငိုရုံတစ်မယ်ပြောနေသော်လည်းSungChanကတော့ဘယ်လိုမှမနေ။

"အဲ့တော့ငါကဘာလုပ်ပေးရမှာလဲ"

"ဟင်.....ဟိုဟာSungChanကိုYujinပြန်လိုချင်တယ်Yujinဆီပြန်လာခဲ့ပေးပါလား"

"ဟက်....မင်းဦးနှောက်မရှိဘူးလား...ငါ့မှာအခုတစ်ဘဝလုံးစာရည်ရွယ်ထားတဲ့ချစ်သူရှိနေပြီ"

"အဲ့တာShotaroမလား...ဒါပေမဲ့သူကယောကျ်ားလေးလေ"

"အဲ့တော့ဘာဖြစ်လဲယောကျာ်းလေးဆိုပေမဲ့Shotaroကမင်းလိုမိန်းမမျိုးထက်အများကြီးသာတယ်"

"မရဘူးမသိဘူးအဲ့တာတွေ...Yujin SungChanကိုပြန်လိုချင်တာပဲသိတယ်။အရင်လိုပြန်နေရအောင်လေနော်....SungChan nah"

YujinကSungChanရဲ့လက်ကိုအတင်းဆွဲပြီးပြောနေသောကြောင့်SungChan Yujinကိုတွန်းထုတ်လိုက်သည်။ထိုစဥ်Yujinရဲ့လျင်မြန်တဲ့မျက်လုံးမှတွေ့လိုက်သည့်လူတစ်ယောက်။

Yujinလည်းSungChanရဲ့ဂုတ်ကိုဆောင့်ဆွဲဖက်လိုက်ပြီးSungChanရဲ့လက်တစ်ဖက်ကိုလည်းသူ့ခါးနားကိုပို့လိုက်သည်။ပြီးတော့သူတို့နှစ်ယောက်ရဲ့နှုတ်ခမ်းတွေကိုဖိကပ်ကာနမ်းရှုံ့စေလိုက်သည်။

SungChanလည်းရုတ်တစ်ရက်ဆန်သွားသည်မို့ပြန်တွန်းချိန်မရလိုက်ချေ။ဘေးနားကသံဗူးပြုတ်ကျသံကြားမှဖယ်ကာလှည့်ကြည့်မိတော့.........

"Taroလေး..."

Shotaroအခုသူမြင်နေရတဲ့မြင်ကွင်းကြောင့်အတော်လေးပင်အံ့အားသင့်သွားသည်။ဘယ်လောက်တောင်လန့်သွားသည်မသိလက်ထဲကအအေးသံဗူးလေးတောင်လွတ်ကျသွားသည်။

မြင်လိုက်ရသည့်မြင်ကွင်းကလူနှစ်ယောက်နမ်းနေကြတဲ့မြင်ကွင်း။ထိုလူမှာလည်းအခြားသူမဟုတ်သူ့ရဲ့နှစ်ယောက်မရှိချစ်ရတဲ့SungChanဖြစ်ပြီးနောက်တစ်ယောက်ကSungChanရဲ့ရည်းစားဟောင်းYujin Noona။

Shotaro's pov - ဘာတွေလည်း။အခုငါမြင်နေရတာတွေကဘာတွေလဲလို့

Shotaroသူ့ဟာသူသာမေးခွန်းထုတ်နေမိသည်။စိတ်တွေမှာလည်းချက်ချင်းထွေပြားလာပြီးမျက်ရည်လွယ်သည့်Shotaroတစ်ယောက်ငိုပါတော့သည်။

"Taroလေး..."

SungChanမှာShotaroကိုမြင်တော့ချက်ချင်းShotaroနားကိုသွားလိုက်သည်။

"Taroလေးထင်နေသလိုမဟုတ်ဘူးနော်..ကိုယ်ရှင်းပြမယ်"

SungChnaကShotaroရဲ့လက်မောင်းလေးကိုအသာဆွဲပြီးပြောတော့သူ့လက်တွေကိုချက်ချင်းပြန်ဖယ်ထုတ်ကာ...

"ကျွန်တော့်ကိုမထိနဲ့!!"

"Taroလေး...."

"ကျွန်တော့်နာမည်ကိုလည်းမခေါ်နဲ့!!"

Shotaroမှာဒေါသသံကောငိုသံကောပါနေသည်။

"မဟုတ်ဘူးလို့အထင်လွဲနေတာလို့Taroလေးရဲ့"

"ကျွန်တော့်ကိုဘာမှလာမပြောနဲ့တော့ခေါ်လည်းမခေါ်နဲ့လိုက်လည်းမလိုက်လာနဲ့"

Shotaroမှာပြောပြီးပြီးချင်းSungChanတောင်တားချိန်မရလိုက်။ထပြီးပြေးသွားသည်။SungChanလည်းအမြန်လိုက်မယ်လုပ်တော့သူ့လက်တွေကိုလာဆွဲထားသည့်Yujin။

"သူကလိုက်မလာနဲ့လို့ပြောတယ်မလား"

"ဖယ်...ငါ့ကိုလျှာလာမရှည်နဲ့အခုဒီကိစ္စကမင်းတစ်မင်သက်သက်လုပ်တယ်ဆိုတာငါသိတယ်"

"အဲ့လိုဆိုလည်းဘာဖြစ်လဲSungChanကိုပြန်လိုချင်လို့လုပ်မိတာပဲကို"

"မင်းအဲ့လောက်ထိရည်းစားလိုချင်နေလည်းနောက်တစ်ယောက်ရှာလိုက်ငါကတော့Shotaroကိုပဲချစ်တယ်အခုကိစ္စနဲ့တော့ငါနဲ့Shotaroပြတ်မယ်ထင်ရင်မင်းမှားသွားပြီ"

ဟုပြောကာSungChan Shotaroထွက်သွားသည့်နောက်သို့လိုက်သွားသည်။ကျန်ခဲ့သည့်Yujinမှာ​တော့မဲ့ပြုံးတစ်ခုကိုဆင်လျက်။
...................

Shotaroအခုသူ​ေ​ပြးမိပြေးရာပြေးလာတာကျောင်းကနေတောင်ထွက်လာပြီဖြစ်သည်။သူအခုစိတ်ထဲတွင်ဝမ်းနည်းနေတာပဲသိသည်။SungChanကသူ့ကိုသစ္စာဖောက်သွားပြီဆိုတဲ့ခံစားချက်ကြီးကသူ့ကိုနှိပ်စက်လွန်းနေသည်။

မဖြစ်နိုင်ပါဘူး။Hyungကသူ့အပေါ်အဲ့လိုမလုပ်ရက်ပါဘူးလို့ဖြည့်တွေးနေပေမဲ့လည်းကိုယ်တိုင်မြင်တွေ့ခဲ့ရသည်မို့ပိုလို့ပင်ခံစားနေရသည်။

Shotaroလေးတစ်ယောက်ငိုရင်းနဲ့ပြေးလာတာbus topနားကပန်းခြံကိုတောင်ရောက်လာခဲ့သည်။တစ်ခြားလမ်းသွားလမ်းလာတွေကလည်းသူ့အားလှည့်ကြည့်နေသည်။ဒါတွေလည်းသူသတိမမူပါဘူး။ပါးပေါ်မှာကျနေတဲ့မျက်ရည်တို့ကိုလက်ခုံဖြင့်ပွတ်သုတ်ကာကွက်တိရောက်လာသည့်Busကားပေါ်ကိုတက်လိုက်သည်။

ထိုင်ခုံနေရာလည်းယူပြီးတော့Shotaroဖုန်းမှမြည်လာခဲ့သည်။ဖုန်းscreenပေါ်တွင်ပေါ်နေသည့်contactအားကြည့်လိုက်တော့အသဲပုံအစိမ်းရောင်လေးနှစ်ခုကြားမှာမှတ်ထားသည့်စာသားလေး။

Hyungတဲ့။

Shotaroချက်ချင်းပဲဖုန်းကိုချလိုက်ပြီးပါဝါကိုလည်းoffလုပ်လိုက်သည်။သူအခုအချိန်မှာဘာမှမစဥ်းစားချင်ပါ။ဖြစ်နိုင်ရင်အိမ်မြန်မြန်ပြန်ပြီးဆေးသောက်ကာအိပ်လိုက်မည်တွေးထားသည်။
.............

SungChanတစ်ယောက်အခုခေါင်းတွေထူပူနေသည်။Shotaroလေးကဖုန်းခေါ်တော့လည်းမကိုင်။ထပ်ပြီးဆက်တော့အောပရေတာကလူကြီးမင်းနဲ့ပဲတိုးနေသည်။

SungChanတစ်ယောက်ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းကိုမသိတော့ချေ။Yujinကိုလည်းဒေါသအတော်လေးထွက်သွားသည်။ဒါပေမဲ့Shotaroလေးကိုစိုးရိမ်သည့်စိတ်ကပိုများနေသည့်အတွက်သူထိန်းလို့ရသေးသည်။

"ဟျောင့်...ဖုန်းခေါ်မရရင်သူ့အိမ်ကိုပဲလိုက်သွားကြည့်ပါလား"

Markကပြောတော့မှSungChanလည်းသတိရသွားပြီး....

"ဟုတ်သားပဲငါသူ့အိမ်လိုက်သွားလို့ရနေတာကို"

"အေးအေးကားဖြေးဖြေးမောင်းပြီးသွားဦး"

SungChanမှာMarkကိုတောင်သေချာပြန်မပြောနိုင်တော့ပဲကားဆီကိုသာသွားပြေးသွားလိုက်သည်။

အခြေအနေကြီးကလည်းနော်။လွန်ခဲ့သည့်နာရီပိုင်းလေးတုန်းကတော့SungChanမှာShotaroလေးနဲ့တူတူပြန်မယ်ဟုတွေးနေမိသည်။ဒါပေမဲ့အခုတော့တွေးထားတာတွေနဲ့တက်တက်စင်အောင်ကိုလွဲရသည်။

Markကကားကိုဖြေးဖြေးမောင်းလို့ပြောပေမဲ့SungChanပုံမှန်မောင်းသည်ထက်တော့နည်းနည်းမြန်နေသည်။စိတ်ကပဲစောနေလို့လားမသိ။Shotaroရဲ့အိမ်ကိုခနလေးနဲ့ရောက်သွားသည်။

SungChanလေပူတစ်ချက်ကိုခပ်ပြင်းပြင်းမှုတ်ထုတ်လိုက်ပြီးအားယူလိုက်ကာကားထဲမှထွက်လိုက်သည်။

__________________________________________

ဒီအပိုင်းလေးကတော့မုန်တိုင်းသေးသေးလေးတိုက်ထားပါတယ်နော်😁Shotaroလေးကကောစိတ်ဆိုးပြေပါ့မလား?🤔

Thanks for reading🌸

Bạn đang đọc truyện trên: TruyenTop.Vip