Chapter 13
SungChanကားထဲမှထွက်လိုက်ပြီးShotaroရဲ့အိမ်ခြံရှေ့ကိုရပ်လိုက်သည်။ကံကောင်းထောက်မစွာနဲ့ပဲShotaroရဲ့အဒေါ်ကခြံထဲမှာရှိနေသည်။ဒါပေမဲ့SungChanတွေးမိသည်က..
SungChan's pov - နေပါဦးTaroရဲ့အဒေါ်ကကိုရီးယားလိုပြောတတ်ပါ့မလား....အလုပ်လုပ်နေတာဆိုတော့ပြောတတ်မှာပါလေ....
ဒါနဲ့ပဲSungChanလည်းShotaroရဲ့အဒေါ်ကိုလှမ်းခေါ်လိုက်သည်။
"ဟို....အန်တီခင်ဗျ"
"အော်....သားကShotaroရဲ့ကောင်လေးမလားအထဲဝင်လေ"
"ဟုတ်ကဲ့"
SungChanလည်းခြံထဲကိုဝင်လိုက်သည်။
"ကျွန်တော့်ကိုသိတာလားဗျ"
"အေးလေShotaroကိုမနက်တိုင်းလာခေါ်ပေးနေကြမလားညတွေကျရင်လည်းဖုန်းပြောနေကြတာအန်တီကြားလို့ပါShotaroကတော့မပြောပြပါဘူးကွယ်"
"ဟုတ်ကဲ့"
"ဒါနဲ့သားကဒီကိုဘာကိစ္စရှိလို့လဲ"
"ဟိုဟာ.....Shotaroကကျွန်တော့်ကိုစိတ်ဆိုးနေလို့အဲ့တာ....."
"အော်....သိပြီ။သားနဲ့ရန်ဖြစ်လာလို့လား...အဲ့တာကြောင့်လည်းအိမ်ပြန်ရောက်လာတုန်းကမျက်နှာကအဲ့လိုဖြစ်နေတာကို"
"သူငိုနေသေးလား"
"ထင်တာပဲကွယ်...သားတို့ဘာကိစ္စဖြစ်ခဲ့လဲဆိုတာတော့အန်တီမသိပါဘူးဒါပေမဲ့သားချော့ချင်တယ်ဆိုရင်အပေါ်ထပ်ကဒုတိယမြောက်အခန်းကShotaroအခန်းပဲ"
"ဟုတ်ကဲ့ကျေးဇူးပါဗျ"
SungChanလည်းShotaroအဒေါ်ဆီမှခွင့်ပြုချက်ရသည်နှင့်ချက်ချင်းပင်အိမ်ပေါ်ထပ်ကိုပြေးတက်သွားလိုက်သည်။ပြီးတော့Shotaroအခန်းရှေ့မှာရပ်လိုက်သည်။
သူ့ရဲ့Taroလေးကဘယ်လောက်တောင်ချစ်ဖို့ကောင်းလောက်အောင်ကလေးဆန်သလဲဆိုရင်အခန်းတံခါးရှေ့မှာတောင်စတစ်ကာလေးတွေနဲ့Shotaro's roomဆိုပြီးရေးထားသေးတာ။SungChanမြင်ပြီးပြုံးမိလိုက်ပါသေးသည်။ဒါပေမဲ့အခုကအဲ့တာထက်သူ့Babyလေးကိုချော့ရဦးမည်။ဒါကြောင့်SungChanတံခါးကိုအသာလေးခေါက်လိုက်သည်။
"ဒေါက်.....ဒေါက်"
ပြန်ဖြေသံမကြား။အဲ့တော့SungChanလည်းထပ်ပြီးခေါက်လိုက်သည်။
"ဒေါက်.....ဒေါက်"
ဒါလည်းပြန်ဖြေသံမကြားရချေ။
"Taroလေး.....Taroလေးအထဲမှာရှိနေတာကိုယ်သိပါတယ်။ကိုယ်တောင်းပန်ဖို့လာခဲ့တာမလို့တံခါးဖွင့်ပေးပါနော်"
"..................."
"Taroလေးကိုယ့်ကိုစိတ်ဆိုးနေမယ်ဆိုတာကိုယ်သိပါတယ်။ကိုယ့်ကိုရှင်းပြခွင့်ပေးပါTaroလေးရဲ့"
".................."
SungChanဘယ်လောက်ပဲပြောပြောတစ်ဖက်မှShotaroကတော့လုံးဝပြန်ဖြေသံမကြားရချေ။
"Taroလေးတံခါးမဖွင့်ပေးချင်းကိုယ်စောင့်နေမယ်နော်"
SungChanနည်းနည်းလေးမှလက်လျှော့ဖို့မစဥ်းစားပါ။သူကShotaroကိုအရမ်းချစ်တာကိုး။ဒီတစ်ခေါက်ကိစ္စမှာကသူ့အပြစ်လည်းမလွတ်ပေ။သူသာYujinကိုစကားပြောဖို့ခွင့်မပြုခဲ့ရင်ဒီလိုဖြစ်လာစရာအကြောင်းမရှိနိုင်ဘူးလေ။အဲ့တော့သူ့ကလေးလေးစိတ်ဆိုးချင်လည်းဆိုးသူကတော့ရအောင်ချော့မည်ဟုသာစဥ်းစားထားသည်။
မိနစ်အနည်းငယ်ကြာသည်အထိSungChanရပ်စောင့်နေခဲ့သည်။သူ့ရဲ့အရပ်ကသာမန်လူအရပ်မဟုတ်တော့ရပ်ရပါများတော့ညောင်းလာလေသည်။အဲ့တော့SungChanလည်းအခန်းရဲ့အပြင်ဘက်နံရံကိုမှီပြီးစောင့်နေလိုက်သည်။Shotaroကတော့လုံးဝမထွက်လာသေးသလိုအသံလည်းမပေးပါ။
ထိုစဥ်အပေါ်ထပ်သို့ရောက်လာသောShotaroရဲ့အဒေါ်။Shotaroအခန်းရှေ့မှာထိုင်စောင့်နေတဲ့SungChanကိုလည်းမြင်ရော
"ဟယ်.....သားShotaroတံခါးမဖွင့်ပေးဘူးလား"
"ဟုတ်တယ်ဗျအသံလည်းမပေးဘူး"
"ဟော်တော်....ဒီကလေးကတော့ကိုယ့်ချစ်သူကိုအဲ့လိုလုပ်စရာလား"
"ရပါတယ်ဗျအခုဖြစ်ခဲ့တဲ့ကိစ္စမှာကျွန်တော်မှားတာပါ"
"ဘယ်သူမှားမှားလေShotaroဒီကလေးကတော့ဘယ်လိုကိုဖြစ်နေမှန်းမသိဘူးနေဦးအန်တီခေါ်ပေးမယ်........Shotaro!!!!အခုချက်ချင်းတံခါးဖွင့်စမ်း!!!"
ထိုအခါမှတစ်ဖက်ကနေအသံသေးသေးလေးဖြင့်
"Hyungသွားမှကျွန်တော်ထွက်လာမယ်"
SungChanသတိထားမိသည်ကShotaroရဲ့အသံကငိုသံလေးပေါက်နေသည်ဆိုတာပင်။Shotaroကနဂိုကတည်းကအသဲလည်းငယ်တတ်တော့သူပိုလို့ပင်စိုးရိမ်သွားသည်။
"ကဲ....Shotaroကတော့ထွက်လာတော့မယ်မထင်ဘူး"
"အန်တီကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးလို့ရမလား"
"ပြောလေ"
SungChanလည်းShotaroအဒေါ်နားနားလေးကိုကပ်ပြီးအကြောင်းအရာတစ်ချို့ပြောလိုက်သည်။Shotaroအဒေါ်ကလည်းပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်။
ခနလောက်ကြာတော့Shotaroအဒေါ်မှ...
"သားလေးShotaroထွက်လာတော့သားကောင်လေးပြန်သွားပြီ"
"သေချာလို့လား"
"အော်ဟော်.....အန်တီဘယ်တုန်းကများလိမ်ဖူးလို့လဲ"
ထိုသို့ပြောလိုက်မှတံခါးလော့ခ်ကိုဖြေကာဖြေးဖြေးချင်းထွက်လာသည့်Shotaro။ထိုစဥ်တံခါးရဲ့နောက်ကွယ်မှာအသင့်စောင့်နေတဲ့SungChanကShotaroအရှေ့ကိုပိတ်ရပ်လိုက်ပြီးတံခါးလက်ကိုင်ကိုအမြန်ဆွဲလိုက်သည်။
"ကဲ...သားတို့နှစ်ယောက်အေးဆေးဖြေရှင်းလိုက်ကြဦးအန်တီညစာသွားပြင်လိုက်ဦးမယ်"
"ဒေါ်လေး.....နေဦး"
Shotaroအဒေါ်ကတော့ခေါ်သံတောင်မကြားနိုင်တော့ဘဲအောက်ထပ်ကိုပြေးဆင်းသွားလေသည်။
"Taroလေး"
"မခေါ်နဲ့လို့ဘယ်နှစ်ခေါက်ပြောရမှာလဲ"
"ကိုယ်ပြောပြမယ်နားထောင်ဦး"
"ဟင့်အင်းဘာမှနားမထောင်ချင်ဘူး"
ဟုဆိုကာတံခါးကိုအတင်းပြန်ဆွဲပိတ်ဖို့လုပ်လေသည်။ဒါပေမဲ့တစ်ဖက်ကဆွဲထားတဲ့SungChanရဲ့အားကိုတော့Shotaroလေးတစ်ယောက်ဘယ်ယှဥ်နိုင်ပါ့မလဲ။
Shotaroလည်းတံခါးကိုဆောင့်ဆွဲလိုက်တာတံခါးကပါမလာဘဲလူကသာအထဲရောက်သွားပြီးSungChanကပါသူ့အခန်းထဲရောက်လာတော့သည်။
"Hyungဘယ်လိုဖြစ်နေတာလဲ.....Hyungမသွားရင်ကျွန်တော်သွားမယ်"
"နေဦးTaroလေးရဲ့"
အပြင်ကိုအတင်းထွက်ဖို့ကြိုးစားနေတဲ့ShotaroကိုSungChanလှမ်းဆွဲလိုက်ပြီးတံခါးကိုလည်းလော့ခ်ချလိုက်သည်။
"နေပါဦးTaroလေးရဲ့....ကိုယ်ပြောတာလေးသေချာနားထောင်ပေးပါကွာနော်....."
Shotaroရဲ့မျက်နှာလေးကိုသူ့ကိုသေချာမော့ကြည့်စေပြီးSungChanပြောလိုက်သည်။သူShotaroမျက်နှာကိုသေချာကြည့်မိတော့မှဘယ်လောက်တောင်ငိုထားသည်မသိမျက်လုံးလေးများမှာဖောင်းအစ်ကာနီရဲနေပြီးနှာခေါင်းလုံးလုံးလေးကပါနီရဲနေလေသည်။ပါးပေါ်မှာလည်းကျန်ရှိနေသေးသည့်မျက်ရည်ကွက်အချို့ကိုလည်းတွေ့ရသည်။
မွေးကင်းစကလေးငယ်လေးတစ်ယောက်လိုနီတာရဲလေးဖြစ်နေတဲ့ShotaroကိုSungChanရင်ခွင်ထဲထည့်ကာဖက်လိုက်သည်။ဟိုကပြန်တော့မဖက်ပေမဲ့ငြိမ်ခံနေရှာသည်။
"ကိုယ့်Taroလေးကဘယ်လောက်တောင်ငိုထားတာလဲကွာ"
"ဘယ်သူ့ကြောင့်ငိုရတာလဲ"
SungChanဖက်ထားတာကိုခွာလိုက်ပြီးShotaroပခုံးလေးကိုအသာကိုင်လိုက်ကာမျက်လုံးချင်းဆုံစေလိုက်သည်။
"Yujinကကိုယ့်ကိုပြောစရာရှိတယ်ဆိုလို့ကိုယ်နားထောင်မိနေတာ။သူပြောတာကသူနဲ့ပြန်တွဲရအောင်တဲ့။ကိုယ့်မှာတစ်ဘဝလုံးစာရည်ရွယ်ထားရတဲ့ချစ်သူရှိတယ်လို့ပြောလိုက်တော့မကျေမနပ်တွေဖြစ်ပြီးTaroလေးအထင်လွဲအောင်သူလုပ်လိုက်တာ"
"တစ်ကယ်ကောဟုတ်လို့လား"
"Taroလေးကကိုယ့်ကိုမယုံဘူးလား"
".........."
"အဲ့တာဆိုTaroလေးစဥ်းစားကြည့်။ကိုယ်သာTaroလေးကိုသစ္စာဖောက်တယ်ဆိုရင်အခုလိုလူမြင်သူမြင်နေရာမှာကိုယ်နမ်းပါ့မလား...ဟမ်"
"အင်းပါ....ယုံပါတယ်"
ထိုအခါမှSungChanပြုံးလိုက်ပြီးShotaroကိုရင်ခွင်ထဲထပ်ထည့်မယ်အလုပ်Shotaroကသူ့လက်လေးနှစ်ဖက်နဲ့တားလိုက်သည်။
"နေဦး.....တစ်ဘဝလုံးစာရည်ရွယ်ထားရတဲ့ချစ်သူဆိုတာကကောဘယ်သူလဲ"
Shotaroရဲ့အမေးကြောင့်SungChanမှာရယ်ရခက်ငိုရခက်။
"ဟ...ဘယ်သူရှိရမှာလဲ။ဟောဒီကကိုယ့်ရဲ့Taroလေးပေါ့။babyအူကြူးပေါက်စနလေး"
"တော်ပါ။လူကိုအမျိုးမျိူးခေါ်နေတော့တာပဲ"
"ချစ်လို့ပါTaroလေးရယ်"
"Hyungသိလား....ကျွန်တော်အဲ့တာကိုမြင်သွားတုန်းကဆိုဒီနေရာကအရမ်းအောင့်ပြီးနာလာတာပြီးတော့Hyungကငါ့ကိုမချစ်တော့ဘူးဆိုတဲ့စိတ်ကြီးကဝင်ဝင်လာတယ်"
သူ့ရင်ဘတ်လေးကိုပုတ်ပြပြီးဝမ်းနည်းနေသည့်လေသံလေးဖြင့်ပြောနေတဲ့ShotaroလေးကိုSungChanထွေးပွေ့လိုက်သည်။
ဖက်လည်းဖက်လိုက်ရောသူ့ခါးကိုပါပြန်ဖက်တွယ်လာတဲ့Shotaroလေး။SungChanရဲ့ရင်ခွင်ထဲမှာမြုပ်နေရှာတဲ့အကောင်ပေါက်စနလေး။
"ကိုယ်ကလေTaroလေးကိုချစ်လွန်းလို့ဘာနဲ့မှတောင်နှိုင်းမရဘူး။Taroလေးလည်းခံစားမိတယ်မလားကိုယ်Taroအပေါ်ထားတဲ့အချစ်တွေကို။အဲ့တာကြောင့်မလို့နောက်တစ်ခါဆိုအဲ့လိုအဓိပ္ပါယ်မရှိတဲ့အတွေးတွေမတွေးရတော့ဘူးနော်"
"ဟုတ်ကဲ့ပါHyung"
သူတို့နှစ်ယောက်သားတင်းကြပ်စွာဖက်ထားလိုက်ကြသည်။အမှန်တော့Shotaroစိတ်ဆိုးပြီးငိုတယ်ဆိုတာYuJinကSungChanကိုနမ်းလိုက်လို့မဟုတ်ဘူး။သူ့ကိုHyungကများထားခဲ့လေမလားဆိုတဲ့စိတ်ကြောင့်သာသူငိုမိခြင်းဖြစ်သည်။ဒါပေမဲ့အခုတော့သူကောင်းကောင်းနားလည်သွားပါပြီ။SungChanရဲ့အချစ်ဟာသူ့အတွက်တော့ဘာနဲ့မှတန်ဖိုးဖြတ်လို့မရတဲ့အရာတစ်ခုမှန်း။
"ဒါနဲ့Hyungညရောက်နေပြီလေ"
"အင်းအဲ့တာကြောင့်ကိုယ်ဒီညတော့Taroလေးနဲ့ပဲအတူအိပ်မလားလို့"
"ဟမ်...Hyungအိမ်ကပြောမှပေါ့"
"မပြောပါဘူးပုံမှန်ဆိုလည်းကိုယ်ကMarkတို့အိမ်မှာအိပ်နေကြပြီးတော့ကိုယ့်မိဘတွေကလည်းTaroလေးကိုကိုယ်နဲ့သဘောတူပါတယ်"
"တစ်ကယ်ကြီးလား"
"အင်း...ကိုယ့်Taroလေးကချစ်ဖို့ကောင်းတော့Ommaကတောင်သမက်တော်ချင်နေပြီတဲ့လေ"
"မဟုတ်တာ"
"တစ်ကယ်ပြောတာ....အဲ့တာကြောင့်နော်ကိုယ့်ကိုဒီညတော့ဒီမှာနေခွင့်ပေး"
"အင်းပါ"
အဲ့တော့မှSungChanပြုံးဖြီးသွားပြီး....
"အာ....ညစာသွားစားရအောင်လေ..အောက်မှာဒေါ်လေးစောင့်နေတယ်"
"ဟုတ်ကဲ့"
Time skip....
ဒီလိုနဲ့ညစာစားပြီးသွားကြတော့SungChanနဲ့Shotaroတို့နှစ်ယောက်အတူတူပန်းကန်ဆေးဖို့ပြင်ကြပါတော့သည်။
ဒေါ်လေးကတော့နှစ်ယောက်သားရဲ့တောင်းဆိုမှုကြောင့်အခန်းထဲဝင်ကာစောစောစီးစီးသွားနားလေရဲ့။
SungChanကပန်းကန်တွေကိုဘေစင်ပေါ်တင်ကာဆေးမယ်လုပ်တော့Shotaroမှအမြန်တားလိုက်သည်။
"Hyungမဆေးပါနဲ့ကျွန်တော်ပဲလုပ်ပါ့မယ်"
"ရပါတယ်Taroလေးကလည်းကိုယ်ဒီလောက်တော့လုပ်ပေးရမှာပေါ့"
"ဟင့်အင်းဖယ်ပါကျွန်တော်ဆေးမယ်"
"ရပါတယ်ကိုယ်ဆေးပါ့မယ်"
"Hyungကိုပြောလို့မရရင်ကျွန်တော်စိတ်ကောက်မှာနော်"
နှုတ်ခမ်းလေးဆူကာစိတ်ကောက်မယ်ပြောနေသောချစ်သူကြောင့်SungChanကပဲအလျှော့ပေးရတော့သည်။
"အင်းပါအင်းပါဒါပေမဲ့ကိုယ်Taroလေးကိုစောင့်နေပေးမယ်"
Shotaroခေါင်းငြိမ့်ပြလိုက်ပြီးဘေစင်ရှေ့မှာနေရာယူကာပန်းကန်ဆေးဖို့ပြင်လိုက်သည်။
ထိုစဥ်သူ့ရဲ့ခါးလေးကိုအနောက်ကနေလက်နှစ်ဖက်လုံးယှက်ကာလာဖက်သည့်SungChan။Shotaroကိုယ်လုံးလေးဟာSungChanရဲ့ရင်ခွင်ထဲမှာထပ်ပြီးနစ်မြှပ်နေပြန်သည်။
"Hyung....ဘာလုပ်တာလဲ"
"ဖက်တာလေ....ဘာလဲအဖက်မခံချင်လို့လား"
"မ...မဟုတ်ဘူးလေ...အခု..ကနည်းနည်း"
"ကဲပါ....ဒီအတိုင်းလေးပဲနေပြီးပန်းကန်ဆေးလို့မရဘူးလား"
"ရ....ရပါတယ်"
Shotaroပြောပြီးပန်းကန်သာဆေးနေရတယ်။နှလုံးခုန်နှုန်းကတော့မြန်ချက်ကမြင်းစီးနေသလားအောက်မေ့ရသည်။SungChanကလည်းအနောက်ကနေဖက်ထားပြီးShotaroပခုံးလေးပေါ်ကိုပါသူ့မေးကိုအသာလေးတင်ထားပြန်သည်။
"ဒါနဲ့Taroလေးအဒေါ်ကကိုယ့်ကိုလက်ခံပေးလို့တော်ပါသေးရဲ့နော်"
"ဟင်....အင်း.....ဒေါ်လေးကအဲ့လိုတွေသိပ်ပြီးမစွက်ဖက်တတ်ဘူးလေ။ကျွန်တော့်ကိုငယ်ငယ်လေးကတည်းအလိုလိုက်ခဲ့တာကို"
"အင်း.....Taroလေးရဲ့မိဘတွေလည်းကိုယ့်ကိုလက်ခံပေးရင်ကောင်းမယ်"
"ကျွန်တော့်မိဘတွေကတော့မပြောတတ်ဘူးဒါပေမဲ့Hyungကိုလက်ခံလောက်မှာပါ"
"အင်း..."
"မွ😚!"
SungChanမှာမပြောမဆိုနဲ့ရုတ်တစ်ရက်ကြီးShotaroရဲ့ဘယ်ဘက်ပါးလေးကိုဖြတ်ခနဲလှမ်းနမ်းလိုက်သည်။အနမ်းခံလိုက်ရတဲ့Shotaroကတော့ချက်ချင်းမျက်နှာလေးပန်းရောင်သန်းလာပြန်ပါတော့သည်။
"Hyungကလည်း......"
"ဟင်...ဘာဖြစ်လို့လဲ"
"မွ😚"
ဒီတစ်ခေါက်တော့ညာဘက်ပါးလေးကိုနမ်းပြန်ပါသည်။
"Hyungတော်ပြီလို့.....ဒီမှာပန်းကန်တွေဆေးနေတယ်လေ"
"အဲ့တော့....."
SungChanမှာအရှက်သည်းနေတဲ့သူ့ကလေးလေးကိုတစ်ရွှတ်ရွှတ်နဲ့ဘယ်ဘက်ပါးကိုနမ်းလိုက်ညာဘက်ပါးကိုနမ်းလိုက်နှင့်အလုပ်ရှုပ်နေပါတော့သည်။
___________________________________________
ဒီတစ်ပိုင်းကနည်းနည်းများသွားတယ်နော်😄
Thanks for reading🌸
Bạn đang đọc truyện trên: TruyenTop.Vip