Chapter 14

ဒီလိုနဲ့ညအိပ်ကြတော့ပြဿနာကစပါတော့သည်။SungChanကတူတူဖက်အိပ်ချင်လို့ပါဆိုနေမှအကောင်ပေါက်လေးကအောက်မှာအိပ်ယာခင်းပြီးအိပ်မယ်လုပ်နေသည်။

အိပ်ယာခင်းတွေသယ်လာသည့်ShotaroကိုSungChanတားလိုက်သည်။

"Taroလေးဘာလို့အောက်မှာခင်းအိပ်နေမှာတုန်းကုတင်ကအကျယ်ကြီးပဲကို"

"ဟာ....မဟုတ်တာHyungကလည်းကျွန်တော်အောက်မှာပဲခင်းအိပ်လိုက်ပါ့မယ်"

"ဘာလို့လဲTaroလေးကကိုယ်နဲ့တူတူမအိပ်ချင်လို့လား"

"ဟင်....မဟုတ်ပါဘူး......ဟိုဟာ.......ကျွန်တော်Hyungနဲ့......တူတူမအိပ်ရဲသေးဘူး"

လက်စသတ်တော့Shotaroကအတွေးတွေလွဲနေတာကို။အတွေးတွေမှားနေတဲ့ကောင်လေးကိုSungChanမှာကြည့်ပြီးရယ်ရတော့မလိုလို။

"ကဲပါ.....ဘာတွေလျှောက်တွေးနေတာလဲကိုယ်ကဒီအတိုင်းပဲဖက်အိပ်ရုံအိပ်မှာပါ"

"တစ်ကယ်လား"

"ကိုယ့်ကိုမယုံဘူးလား"

"ယုံ.....ယုံပါတယ်"

"ဒါဆိုလာအိပ်မယ်။မနက်ဖြန်လည်းကျောင်းသွားရဦးမှာမလား"

"ဟုတ်ကဲ့"

Shotaroလည်းSungChanဘေးကိုမရဲတစ်ရဲလေးဝင်လှဲလိုက်သည်။ထိုအခါသူ့ကိုဖက်တွယ်လာသည့်SungChan။ရုတ်တစ်ရက်ဆိုတော့Shotaroအနည်းငယ်လေးတွန့်သွားမိသည်။

SungChanမှာလည်းရင်ခွင်ထဲမှာအကောင်ပေါက်လေးအဆင်မပြေဖြစ်နေတာကိုသတိထားမိတော့ခေါင်းလေးကိုအသာပုတ်ပေးပြီး.......

"စိတ်ချပါကိုယ်Taroလေးကိုလက်မထပ်ရသေးခင်အထိဘာမှမလုပ်ပါဘူး"

"Hyungကကျွန်တော့်ကိုလက်ထပ်မှာလား"

"အင်း.."

"ဒါပေမဲ့.....ကျွန်တော်အဆင်သင့်မဖြစ်သေးဘူးလို့ထင်တယ်"

"ကိုယ်ကလည်းအခုလက်ထပ်မယ်လို့မပြောပါဘူးTaroလေးရဲ့Taroလေးလည်းဘွဲ့ရပြီးကိုယ်လည်းAppaအလုပ်တွေနိုင်နင်းမှ။ပြောရမယ်ဆိုရင်ကိုယ်Taroလေးကိုတင့်တောင်းတင့်တယ်ထားနိုင်ပြီးဆိုမှကိုယ်လက်ထပ်မှာပါ"

SungChanရဲ့စကားတွေကိုShotaroနားထောင်မိပြီးဘယ်လိုမှန်းမသိတဲ့ဝမ်းသာမှုကရောက်လာပြန်သည်။သူ့ကိုအဲ့လောက်ထိတောင်ချစ်သတဲ့လေ။

"ကျွန်တော်ထပ်ပြီးကျေးဇူးတင်ပါတယ်Hyungကျွန်တော့်ကိုအခုလိုမျိုးလောက်ထိကိုချစ်ပေးလို့"

"မဟုတ်တာကိုယ်ကကျေးဇူးတင်ရမှာပေါ့ကိုယ်အရမ်းချစ်ရသူတစ်ယောက်အဖြစ်မွေးဖွားလာပေးလို့"

"အင်း....ဒါဆိုအိပ်ရအောင်လေမဟုတ်ရင်ညနက်သွားလိမ့်မယ်"

ထိုညလေးကတော့ကုတင်ပေါ်မှာဖက်အိပ်နေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ရင်ခုန်သံတွေနဲ့ပြည့်နှက်နေသည့်ညလေးဖြစ်သွားတော့တာပေါ့။
..........................

နောက်နေ့မနက်ရောက်တော့အခန်းရဲ့ပြတင်းပေါက်မှတစ်ဆင့်ထိုးလာသည့်နေအရှိန်ကြောင့်SungChanရင်ခွင်ထဲကShotaroလေးကအရင်ဆုံးနိုးလာခဲ့သည်။

နိုးနိုးချင်းမြင်လိုက်ရသည်ကသူ့ရဲ့နှစ်ယောက်မရှိတဲ့ချစ်ရတဲ့သူ။ပုံမှန်ဆိုရင်တောင်ချောမောနေတဲ့မျက်နှာကအခုလိုအချိန်မျိုးကျတော့လည်းတစ်မျိုးတစ်ဖုံကြည့်ကောင်းနေပြန်သည်။

အပြစ်အနာအဆာကင်းပြီးနေရောင်ရှိန်ကြောင့်အနည်းငယ်ဝင်းလက်နေသည့်SungChanရဲ့မျက်နှာဟာကြည့်ကောင်းရုံတင်မကနန်းတော်ကြီးထဲမှာနေလေ့ရှိတဲ့မင်းသားလေးတစ်ပါးကဲ့သို့ကိုချောမောနေပြန်ပါသည်။

ကိုယ့်ငါးချဥ်ကိုယ်ချဥ်တာဆိုပေမဲ့လည်းဒါဟာလက်တွေ့ကိုမြင်နေရသည့်အမှန်တရားဖြစ်နေသည်။အဲ့တော့မြင်နေရသည့်အမှန်တရားကြောင့်Shotaroမှာဘယ်လိုမှစိတ်မထိန်းနိုင်တော့ဘဲSungChanရဲ့မချွန်လှတဲ့နှာခေါင်းလေးကိုသူ့နှုတ်ခမ်းလေးနဲ့အသာလေးထိကာသွားနမ်းမိလိုက်သည်။

"Hyungကချစ်ဖို့ကောင်းလိုက်တာ"

"Taroလေးကပိုချစ်ဖို့ကောင်းတာပေါ့"

ရုတ်တစ်ရက်ကြီးမျက်လုံးမဖွင့်ပဲစကားပြောလာသည့်SungChanကြောင့်Shotaroလန့်သွားမိသည်။

"Hyungနိုးနေတာလား"

အဲ့တော့မှSungChanမျက်လုံးကိုအသာလေးဖွင့်ပြီးပြုံးပြလိုက်သည်။

"အဲ့တာကိုနိုးရင်နိုးတယ်လို့ပြောပါလား"

"ဟဟ.....ဘာလဲကိုယ့်ကလေးကနမ်းတုန်းကနမ်းပြီးမှရှက်နေတာလား"

"မသိဘူး....ထပြီ"

မျက်နှာလေးနီရဲပြီးထုံးစံအတိုင်းရှက်ကာရင်ခွင်ထဲကနေထပြီးထွက်သွားမလိုလုပ်တဲ့ကောင်လေးကိုSungChanလှမ်းဆွဲလိုက်ပြီးရင်ခွင်ထဲကိုထပ်ထည့်ကာတင်းကြပ်နေအောင်ဖက်ထားလိုက်သည်။

"Hyungအသက်ရှုကြပ်လာပြီ"

အဲ့တော့မှသာSungChanအနည်းငယ်လွှတ်ပေးလိုက်သည်။အကောင်ပေါက်လေးကတော့ဆံပင်လေးတွေတောင်ဖွာလို့။

"Hyungထ......."

Shotaroစကားတောင်ပြောလို့မဆုံးသေးခင်မှာပဲသူ့နှုတ်ခမ်းတွေကိုလာနမ်းသည့်SungChan။အစကတော့ရုတ်တစ်ရက်ဆန်သွားသည်မို့ပြန်မတုံ့ပြန်မိပေမဲ့တစ်ဖြည်းဖြည်းချင်းဆွဲယူကာနမ်းနေသည့်SungChanအနမ်းတွေကြားထဲမှာShotaroထပ်ပြီးနစ်မြောရပြန်သည်။

အတော်အတန်ကြာအောင်နမ်းပြီးသွားတော့SungChanရဲ့လက်မောင်းကိုအသာလေးပုတ်လာတော့မှလွှတ်ပေးမိလိုက်သည်။

နှစ်ယောက်စလုံးအတွက်တော့နေ့တစ်နေ့အစကိုချစ်ရသူအနမ်းနဲ့စတင်လိုက်ရသည်အတွက်အားတွေအပြည့်ဖြည့်လိုက်သလိုပင်။

"Hyungဒါဆိုထမယ်လေအောက်မှာဒေါ်လေးစောင့်နေလိမ့်မယ်"

"အာ....ဟုတ်သားပဲကိုယ်ပြောဖို့မေ့နေတာTaroဒေါ်လေးကဒီနေ့မနက်အလုပ်အစောသွားဖို့ရှိလို့တဲ့မနက်စာကိုကိုယ့်ဟာကိုလုပ်စားလိုက်ကြတော့တဲ့"

"ဟင်.....ဟုတ်လားကျွန်တော့်ကိုလည်းမပြောသွားဖူးရော်"

"ကိုယ့်ကိုပြောတယ်လေ"

"အင်းပါအဲ့ဒါဆိုလည်း"

ဒီလိုနဲ့သူတို့နှစ်ယောက်လည်းမျက်နှာသစ်အဝတ်အစားလဲလိုက်ကြသည်။ဒါတောင်အကောင်ပေါက်လေးကသူ့ရှေ့အဝတ်လဲရတာရှက်လို့ဆိုကာရေချိုးခန်းသွားလဲလေရဲ့။တစ်ကယ်ပါဒီကောင်လေးကိုSungChanတစ်ယောက်နားမလည်နိုင်တော့...ယောကျာ်လေးချင်းပဲဟာကို။

သူကတော့အဝတ်အစားအပိုလည်းမပါနေတော့မနေ့ဝတ်လာသည့်အဝတ်ကိုသာပြန်ဝတ်လိုက်သည်။ညအိပ်ဝတ်တာကShotaroအဒေါ်ပေးတဲ့အဝတ်ကိုဝတ်အိပ်ခဲ့ခြင်းသာဖြစ်သည်။

သူ့ကလေးလည်းအဝတ်အစားလဲပြီးထွက်လာတော့SungChanမှာအသည်းယားရပြန်ပါသည်။ရိုးရိုးshirtအဖြူကိုblack shortsလေးနဲ့တွဲဝတ်ထားတော့တစ်ကယ့်ကိုချစ်စဖွယ်ကောင်လေးတစ်ယောက်ပင်။

(ဒီလိုလေးဝတ်ထားတာပါcapနဲ့earphoneတော့မပါဘူးပေါ့နော်😄)

"Hyungဘာတွေအဲ့လောက်ကြည့်နေတာလဲ"

"ဟင်....ကိုယ့်ကလေးလေးရဲ့အလှတွေမှာနစ်မြောနေတာလေ"

"ဟာ.....Hyungကစောစောစီးစီးဘာတွေပြောမှန်းမသိဘူး"

ဒီကလေးလေးရှက်လို့ကိုမပြီးနိုင်တော့ပါလားဟုသာSungChanတွေးမိသည်။

ထိုစဥ်Shotaroဘေးကနံရံမှာဘယ်အချိန်ကမှန်းမသိရောက်နေသည့်ပိုးဟပ်တစ်ကောင်။အင်းဆက်အကောင်တွေဆိုကြောက်တတ်တဲ့Shotaroလေးအဖို့သူ့အတွက်မြင်လိုက်ရသည့်ပိုးဟပ်ကြောင့်လန့်သွားလေသည်။

"Hyung......ပိုးဟပ်ကြီး!!!!!"

ဟုအော်ကာပြေးပြီးသူ့ပေါ်လာဖက်တွယ်လာသည်။SungChanမှာတော့ပိုးဟပ်ကြောက်လို့တဆိုကာသူ့အပေါ်ကိုဖက်တွယ်လာသည့်အကောင်ပေါက်လေးကြောင့်အူယားစွာနှင့်ရယ်မိသည်။

သူများကကြောက်နေပါတယ်ဆိုတာကိုထရယ်နေသည့်SungChanကြောင့်Shotaroနှုတ်ခမ်းလေးမဆူရုံတစ်မယ်ကြည့်လိုက်သည်။

"Hyung​နော်....ကျွန်တော်ကကြောက်လို့ပါဆို"

"အင်းပါ.....ကိုယ်ကTaroလေးကြောက်သွားတဲ့ပုံကိုချစ်လွန်းလို့ရယ်မိတာပါ"

အဲ့တော့မှမျက်စောင်းလေးအသာထိုးကာ....

"ပြီးရော.....ခုတော့ဆင်းတော့မယ်"

သူ့ပေါ်ကမှဆင်းမယ်လုပ်နေတဲ့Shotaroလေးရဲ့ခါးကိုအပေါ်ပင့်တင်လိုက်ပြီးခြေထောက်နှစ်ချောင်းကိုလည်းသူ့ခါးမှာသေချာခွထားစေလိုက်သည်။

"မဆင်းရပါဘူးဒီအတိုင်းလေးပဲအောက်ထပ်ကိုသွားမယ်"

"Hyungလေးနေမှာပေါ့"

"ကိုယ့်Taroလေးကိုချီရတာဘယ်လောက်လေးမှာမလို့လဲ"

"အာ့ဆိုလည်းမီးဖိုချောင်ထဲထိခေါ်သွားပေး"

"ဟုတ်ကဲ့ပါဗျာ"

SungChanရဲ့ဂုတ်ကိုဖက်တွယ်ထားတဲ့Shotaroလေးဟာလည်းပြုံးပျော်နေသလိုShotaroလေးကိုချီထားတဲ့SungChanဟာလည်းပြုံးပျော်လို့နေသည်။မသိရင်သူတို့နှစ်ယောက်ပုံကညားခါစမောင်နှံနှစ်ယောက်နဲ့​တောင်တူနေသလို။

SungChan's pov - Shotaroလေးနဲ့သာလက်ထပ်ပြီးသွားရင်ဒီလိုမနက်ခင်းမျိုးလေးကိုနေ့တိုင်းရနေမှာပဲ

သူတို့နှစ်ယောက်လည်းပြုံးပျော်လျက်ပင်ဆင်းလာတုန်းမှာပဲခေါ်လိုက်သည့်အသံတစ်ခု။

"Shotaro!!"

သူ့နာမည်ခေါ်သံကြားလို့လှည့်ကြည့်မိတော့Shotaroမျက်လုံးပင်ပြူးသွားရလေသည်။

"Okasan! Otosan!"(Mom and Dad)
........................

အခုShotaroရယ်SungChanရယ်ကအတူတူထိုင်နေပြီးတစ်ဖက်မှာတော့Shotaroရဲ့မိဘနှစ်ပါးဖြစ်သူကထိုင်နေကာသူတို့နှစ်ယောက်ကိုသေချာကြည့်နေသည်။အကုန်လုံးကဘာစကားမှလည်းမပြောသေးကြ။အပ်ကျသံကြားရလောက်သည်အထိကိုပင်တိတ်ဆိတ်နေလွန်းသည်။

အဲ့တော့မနေနိုင်သည့်Shotaroကပဲ....

"Okasanတို့ဘယ်လိုရောက်လာကြတာလဲ"

Shotaroရဲ့မိဘနှစ်ပါးလုံးမှာနိုင်ငံခြားမကြာခနသွားပြီးအလုပ်လုပ်နေရသည့်သူတွေမို့ကိုရီးယားစကားကိုလည်းကောင်းကောင်းပြောနိုင်ကြသည်။Shotaroရဲ့အမေဖြစ်သူမှ....

"Shotaroနဲ့မင်းနဲ့ကဘယ်လိုပတ်သက်တာလဲ"

ဒီမေးခွန်းကSungChanကိုသေချာကြည့်ပြီးမေးလိုက်သည့်မေးခွန်းဖြစ်သည်။

"ဟို.....ကျွန်တော်တို့ကချစ်သူတွေပါ"

"တွဲနေတာဘယ်လောက်ကြာပြီလဲ"

"လပိုင်းလောက်ပဲရှိပါသေးတယ်ဗျ"

Shotaroရဲ့အဖေမှဆက်ပြီး.....

"မင်းတို့ဘယ်အဆင့်ထိရောက်ပြီးသွားကြပြီလဲ"

"ကျွန်တော်တို့အခုထက်ထိစည်းမကျော်ရသေးပါဘူးဗျ"

"အဲ့တာဆိုခုနကကော"

"အဲ့တာက ကျွန်တော်Taroလေးနဲ့အတူတူအိပ်ရုံပဲအိပ်တာပါဗျကျွန်တော်တစ်ကယ်ပြောတာပါ"

"Hyungပြောတာမှန်ပါတယ်Otosan....သားတို့အဲ့လောက်အဆင့်ထိမရောက်သေးပါဘူး"

အဲ့​တော့မှShotaroရဲ့အဖေကခေါင်းတစ်ဆတ်ဆတ်ငြိမ့်ပြီး......

"အေးပါ......ဒါနဲ့သားအဒေါ်ကော"

"ဒေါ်လေးကမနက်အစောအလုပ်သွားလိုက်တယ်"

"အော်....."

"ဒါနဲ့Otosanတို့ဘယ်လိုဖြစ်ပြီးရောက်လာကြတာလဲ"

"အလုပ်ကိစ္စလေးရှိလို့လာရင်းSupriseဖြစ်စေချင်လို့မပြောပြခဲ့တာဒါပေမဲ့Otosanတို့ကပြန်Supriseဖြစ်သွားမယ်လို့မထင်ထားခဲ့မိဘူး"

နောက်ပြောပြောလိုက်သည့်အဖေဖြစ်သူကြောင့်Shotaroအနည်းငယ်တော့စိတ်ပေါ့သွားသည်။ဒါပေမဲ့လည်းလုံးဝကြီးတော့မဟုတ်။

"သားတို့မနက်စာကောစားပြီးသွားကြပြီလား"

Shotaroအမေမှမေးတော့

"မစားရသေးပါဘူး"

"အဲ့တာဆိုလည်းထ....ကျောင်းသွားရမှာမလားOkasanမနက်စာပြင်ပေးမယ်"

"ဟုတ်ကဲ့"

Shotaroနဲ့SungChanကတော့အမေဖြစ်သူပြင်ပေးတဲ့မနက်စာကိုငြိမ်သက်စွာစားနေကြသည်။မိဘနှစ်ပါးလုံးကတော့အပေါ်ထပ်တက်သွားကြပေမဲ့သူတို့နှစ်ယောက်လုံးဘာစကားမှတော့မပြောဖြစ်ကြ။စားလို့ကုန်တော့မှ.....

"Taroလေးမိဘတွေက ကိုယ့်ကိုသဘောမကျဘူးထင်တယ်"

"အင်း....ကျွန်တော်လည်းမပြောတတ်ဘူး"

"ဘယ်လိုလုပ်မလဲကိုယ်နဲ့Taroလေးနဲ့ကိုသဘောမတူရင်ကိုယ်ရင်ကျိုးမှာ"

"ဟာ.....Hyungကလည်းဘာတွေပြောနေတာလဲသေချာမှမသိသေးတာအဲ့လိုတွေမတွေးနေပါနဲ့အရင်ဆုံးကျောင်းသွားမယ်"

"အင်း"

SungChanအင်းသာဖြေလိုက်ရတယ်။စိတ်ကတော့လေးလံနေလျက်ပင်။အကယ်လို့သူ့ကိုများသဘောမကျလို့Taroလေးနဲ့လမ်းခွဲခိုင်းရင်ဆိုတဲ့အတွေးကြီးကရောက်နေသည်။ဇာတ်ကားတွေထဲကလိုမျိုးချစ်ခြင်းကိုမခွဲပါနဲ့ဆိုပြီးငိုယိုတောင်းပန်လို့လည်းမဖြစ်။

အဲ့တော့နောက်ဆုံးကြံမရတော့ခိုးပြေးမယ်ဆိုတဲ့အတွေးကလည်းဝင်လာသေးသည်။ပြီးတော့မှသူခေါင်းကိုခါလိုက်ပြီးစိတ်ကိုပုံမှန်ဖြစ်အောင်ထိန်းရသည်။
___________________________________________

ဒီတစ်ပိုင်းလည်းတော်တော်များသွားတယ်😄ကောင်းမကောင်းတော့မသိဘူး။ဒါပေမဲ့endingနဲ့တော့နီးနေပါပြီ😌

Thanks for reading🌸


Bạn đang đọc truyện trên: TruyenTop.Vip