Chapter 15
ကျောင်းကိုရောက်တော့ထုံးစံအတိုင်းနှစ်ယောက်သားလက်တွဲပြီးဝင်လာကြတာပေါ့။ဒါကိုမြင်သွားတဲ့Yujinကချက်ချင်းမျက်နှာပျက်သွားပါတော့သည်။
သူ့အကြံစီအောင်မြင်ပြီလို့ထင်ခဲ့ပေမဲ့လုံးဝတက်တက်စင်လွဲ။နှစ်ယောက်သားကဘာမှဖြစ်သည့်ပုံတောင်မပေါ်။လက်တောင်တွဲထားလိုက်ကြသေးသည်။
"တောက်!!!"
Yujinစိတ်တိုစွာနဲ့ပဲတောက်တစ်ချက်ခေါက်လိုက်ပြီးဆောင့်ကြီးအောင့်ကြီးလုပ်ကာလှည့်ထွက်သွားသည်။
SungChanကတော့ဘာမှမဖြစ်သလိုပုံစံဖြင့်Shotaroလက်ကိုဆွဲကာCanteenဘက်ကိုလျှောက်လာသည်။
"Ayo Man!!"
ရောက်ရောက်ချင်းထိုင်နေသည့်Markမှလှမ်းပြီးသူ့အကျင့်အတိုင်းနှုတ်ဆက်လေသည်။SungChanလည်းပြန်နှုတ်ဆက်လိုက်ပြီးစားပွဲတွင်Shotaroနဲ့အတူဝင်ထိုင်လိုက်သည်။
"မနေ့ကမင်းတို့ရန်ဖြစ်ကြတယ်ဆို"
Markမှမေးတော့SungChanက
"ဘယ်သူပြောလဲငါတို့ရန်ဖြစ်တယ်လို့"
"မသိဘူးလေမင်းတို့ကိုမနေ့ကShotaroအဆောင်ရှေ့မှာရန်ဖြစ်နေကြတယ်ဆိုပြီးပြောနေကြလို့လေ"
"ရန်ဖြစ်တာမဟုတ်ပါဘူးကွာဒီအတိုင်းအထင်လွဲတာပါ။ဘာကိစ္စငါ့Taroလေးနဲ့ရန်ဖြစ်ရမှာလဲ....ဟုတ်တယ်မလားကိုယ့်babyလေး..."
SungChanမှာShotaroပခုံးလေးကိုဖက်ပြီးမေးလိုက်တော့ကျန်တဲ့သူများက
"အမလေး......ကိုယ့်babyလေးတဲ့နားထဲတောင်ခါးသွားသလိုပဲ"
Haechanမှရွဲ့သလိုနောက်သလိုပြောတော့Shotaroလေးကပါ
"အဲ့တာနင့်ကိုကိုကမခေါ်ဖူးလို့နေမှာပေါ့"
Shotaroမှပြန်စလိုက်တော့Haechanရဲ့နဂါးမျက်စောင်းလေးကMarkအပေါ်လှစ်ခနဲရောက်သွားသည်။
ကျန်တဲ့သူတွေတော့သိလိုက်ပါပြီ။ဒီနေ့Markတစ်ယောက်သူ့ချစ်ချစ်စိတ်ကောက်နေတာကိုချော့ရတော့မည်ဆိုသည်ကို။
Time skip....
နေ့လည်ထမင်းစားချိန်ရောက်တော့Sungchanမှမက်ဆေ့ချ်လေးတစ်စောင်Shotaroဆီရောက်လာသည်။
"ကိုယ်နဲ့Markကိုနည်းပြခေါ်နေလို့Taroလေးတို့အရင်စားနှင့်လိုက်နော်...💚💚"
"ဟုတ်ကဲ့ပါHyung💚💚"
Shotaroလည်းစာပြန်ပြီးသွားတော့ကျန်တဲ့သူတွေကိုပြောကာcanteenကိုအရင်လာလိုက်ကြသည်။
သူတို့လည်းကိုယ်စားမဲ့ထမင်းဗန်းလေးတွေယူပြီးအေးအေးဆေးဆေးစားနေကြတုန်းမှာပဲShotaroနားကိုရောက်လာသည့်သူတစ်ဦး။
"Shotaro!!"
ခေါ်လိုက်သည့်လေသံအရတော့သူ့ကိုကြည့်ရနေသည့်သူမဟုတ်မှန်းShotaroရိပ်မိပါသည်။စားနေရင်းတန်းလန်းမော့ကြည့်လိုက်တော့သူထင်နေသည့်အတိုင်း။
"Yujin Noonaဘာကိစ္စရှိလို့ပါလဲ"
Shotaroလည်းစားနေလက်စထမင်းကိုရပ်ကာမတ်တပ်ရပ်လိုက်သည်။ကျန်တဲ့သူတွေမှာတော့ချက်ချင်းမျက်နှာပျက်သွားကြသည်ကိုလည်းShotaroသတိထားမိလိုက်ပါသည်။
"နင်Sungchanနဲ့ပြတ်ပေး"
"ဘာ!!!!Yujinမ...နင်ရူးသွားပြီလား!!!!"
ဤကားShotaroကပြောလိုက်ခြင်းမဟုတ်။ထိုင်နေသည့်Haechanမှအော်ပြောလိုက်ခြင်းသာဖြစ်သည်။သူအော်တာဘယ်လောက်ပင်ကျယ်သွားသည်မသိCanteenတစ်ခုလုံးငြိမ်ကျသွားကာအကြည့်များကသူတို့စားပွဲကိုသာရောက်နေကြသည်။
"ငါနင်နဲ့ပြောနေတာမဟုတ်ဘူးLee Haechanနင်ဝင်မပါနဲ့!!"
"ဘာ...နင်ကများ...."
"ထားလိုက်Haechanငါပြောမယ်"
ဒေါသကြီးသည့်Haechanမှထရိုက်ရန်ရွယ်လိုက်တော့Shotaroကတားလေသည်။
ထိုစဥ်အရိပ်အကဲသိပြီးလျင်မြန်တဲ့Jenoကဖုန်းကိုမသိမသာထုတ်ကာcontactတစ်ခုကိုနှိပ်လိုက်သည်။
"Noonaပြောတာကိုကျွန်တော်မလုပ်ပေးနိုင်ပါဘူး"
"မလုပ်ပေးနိုင်ရအောင်နင်ကဘာမလို့လဲ"
"ကျွန်တော်ကHyungချစ်ရတဲ့သူမလို့ပါ"
Shotaroဖြေလိုက်သည့်အဖြေကြောင့်Yujinချက်ချင်းမျက်နှာပျက်သွားသည်။
"ဟက်....Shotaro.....ငါမသိဘူးများထင်နေလားနင်ကSungchanကိုသူဌေးသားမှန်းသိလို့တစ်မင်ကပ်နေတာမလား..."
"နင်စကားကိုကြည့်ပြော!!!"
ဒီတစ်ခေါက်တော့Haechanမှပြောခြင်းမဟုတ်ဘဲထိုင်နေသည့်Jaeminမှပြောလိုက်ခြင်းသာ။Shotaroကတော့နှုတ်ခမ်းများပင်တုန်ရီလာပြီးငိုမဲ့စဲစဲဖြစ်နေရှာသည်။
"ငါဘာမှကြည့်ပြောနေစရာကိုမလိုတာ....အာ...ပြီးတော့Sungchanကတော့နင့်ကိုတစ်ကယ်ချစ်တယ်ထင်နေတာလား.......နင်မှားသွားပြီSungchanကမိန်းကလေးတွေပဲကြိုက်တာနင့်လိုကောင်လေးမျိုးကိုသူကအပျော်ပဲတွဲတာနင်ဘာမှစိတ်ကူးတွေယဥ်မနေနဲ့......"
Shotaroလေးတစ်ယောက်လက်တွေပါတုန်လာပြီးအံကိုတင်းတင်းကြိတ်ကာမျက်ရည်တို့ကိုမကျအောင်ထိန်းရင်းဘေးနားမှာရှိတဲ့သူစားနေလက်စထမင်းဗန်းကိုဆွဲကာYujinနားထင်တည့်တည့်ရိုက်ချလိုက်သည်။
"ဖြန်း!!!!!"
"အား......!!!"
ကျန်တဲ့သူတွေသာမကcanteenတစ်ခုလုံးမှာရှိနေတဲ့သူတွေအကုန်လုံးShotaroလေးရဲ့လုပ်ရပ်ကြောင့်ပါးစပ်အဟောင်းသားဖြင့်အံ့သြသွားကြသည်။
Yujinတစ်ယောက်ကတော့လန့်သွားပြီးဒေါသထွက်သွားကာ....
"နင်...နင်"
Shotaroကိုရိုက်မယ်ဆိုပြီးရွယ်လိုက်တော့နောက်ကနေသူ့ကိုလာတားတဲ့တစ်စုံတစ်ဦး...
"နင့်လက်နဲ့ငါ့Taroလေးကိုထိရဲထိကြည့်"
Yujinလည်းလှည့်ကြည့်လိုက်တော့Sungchanဖြစ်နေသည်။
အမှန်တော့Jenoခေါ်လိုက်သည့်ဖုန်းနံပါတ်ကSungchanနံပါတ်ဖြစ်ပြီးSungchanမှသူတို့ပြောသမျှအကုန်ကြားသွားခဲ့ခြင်းဖြစ်သည်။ဒါကြောင့်ကြားကြားခြင်းအားကစားခန်းမကနေCanteenကိုအမြန်ပြေးလာခြင်းဖြစ်သည်။
"Hyung!"
"အင်းTaroလေး...လာသွားမယ်"
ဟုပြောကာShotaroလက်လေးကိုဆွဲပြီးcanteenထဲကနေထွက်လာလိုက်ကြသည်။
ကျန်ခဲ့သည့်သူတွေမှာလည်းYujinကိုရွံရှာသည့်မျက်လုံးများဖြင့်ကြည့်နေကြသည်။
Haechanကတော့လှောင်ပြုံးပြုံးပြီး....
"သူများအတွဲကိုနှောင့်ယှက်ရင်ဒီလိုပဲခံရတတ်တယ်"
Jaeminကလည်း....
"အရှက်မရှိတဲ့မိန်းမ"
ဟုတစ်ယောက်တစ်မျိုးပြောကာကိုယ့်ကောင်လေးလက်ကိုယ်စီတွဲရင်းထွက်လာလိုက်သည်။
ကျန်ခဲ့သည့်Yujinမှာတော့အရှက်ပေါင်းသောင်းခြောက်ထောင်ဖြင့်။
Time skip....
ကျောင်းဆင်းချိန်ရောက်တော့ထုံးစံအတိုင်းSungchanကပြန်လိုက်ပို့ပေးသည်။Sungchanကားမောင်းနေရင်းနဲ့လက်တစ်ဖက်ကိုလွှတ်လိုက်ပြီးဘေးမှာထိုင်နေတဲ့Shotaroလက်ဆီသို့လှမ်းလိုက်သည်။
"Hyungဘာလုပ်တာလဲကားမောင်းနေတာကိုအန္တရာယ်များတယ်လေ"
"ဘာမှမဖြစ်ပါဘူးကွာ...ကိုယ်ကားမောင်းကျွမ်းပါတယ်"
"အာ.....ဒါနဲ့နေ့လည်ကလေHyungဘယ်လိုရောက်လာတာလဲ"
"Jenoကိုယ့်ကိုဖုန်းဆက်ခေါ်လိုက်တာလေ"
"အော်....."
"ကိုယ်တောင်းပန်ပါတယ်နော်"
"ဟင်...ဘာကိုလဲHyung"
"Taroလေးဒီလိုတွေပြောခံရတာကိုယ့်ကြောင့်ဖြစ်နေတာမလားကိုယ်သာYujinကိုသေချာပြောခဲ့ရင်....."
"Hyung!.....တော်ပြီမပြောနဲ့တော့ဒီကိစ္စကHyungအမှားမဟုတ်တာမလို့ဘာမှမဖြစ်ဘူးနော်"
"အင်းပါ"
___________________________________________
Thanks for reading🌸
Bạn đang đọc truyện trên: TruyenTop.Vip