Chapter 16

ဒီလိုနဲ့အိမ်ရှေ့ရောက်တော့Sungchanကထုံးစံအတိုင်းကားပေါ်ကဆင်းကာShotaroလေးကိုခြံရှေ့ထိရောက်အောင်လိုက်ပို့ပေးသည်။

"Hyungပြန်တော့လေ"

"ကိုယ့်ကိုနှင်ထုတ်နေတာလား"

"ဟာ...မဟုတ်ရပါဘူးHyungကလည်း.....Hyungအိမ်ပြန်နောက်ကျမှာစိုးလို့ပြောတာပါ"

"အင်းပါ....အာ့ဆိုလည်း"

နှုတ်ခမ်းလေးဆူကာစိတ်ကောက်ချင်​ယောင်ဆောင်ပြီးလှည့်ပြန်မလိုလုပ်တဲ့Sungchanကြောင့်Shotaroတစ်ခစ်ခစ်နဲ့ရယ်မိသည်။ပြီးတော့Sungchanကိုပြန်ခေါ်လိုက်သည်။

"Hyung!တစ်ခုမေ့ကျန်ခဲ့တယ်"

Shotaroခေါ်သံလည်းကြားရောSungchanကြောင်အမ်းအမ်းဖြင့်ပြန်လှည့်ကြည့်လာသည်။

"ကိုယ်ဘာမှမကျန်ခဲ့ပါဘူး"

"ဒီမှာ.....ဒါကျန်ခဲ့တာ"

ဆိုပြီးသူ့အိတ်ထဲကိုမွှေနောက်နေသည်။

Shotaroရဲ့လုပ်ပုံကအနည်းငယ်ထူးဆန်းနေတော့Sungchanလည်းShotaroအရှေ့ကိုတို့းလိုက်ပြီးအိတ်ထဲကိုငုံကြည့်လိုက်သည်။ဘာမှတော့မတွေ့ပါ။ဒါပေမဲ့ထိုအချိန်မှာSungchanအတွက်အရာရာဟာရပ်တန့်သွားသလိုခံစားချက်မျိုးဖြစ်အောင်Shotaroလေးကလုပ်လိုက်သည်။

အကြောင်းမှာတော့Sungchanကသူ့အိတ်ထဲကိုငုံကြည့်လာသည်နှင့်တစ်ပြိုင်နက်ShotaroလေးကSungchanရဲ့နှုတ်ခမ်းလေးကိုသူ့နှုတ်ခမ်းလေးနဲ့အသာလေးထိကာလာနမ်းလိုက်သောကြောင့်ဖြစ်သည်။

Sungchanတစ်ယောက်ကတော့ရေခဲရိုက်ထားသလိုပင်တစ်ကိုယ်လုံးခဲတောင့်သွားသည်။ဘေးပတ်ဝန်းကျင်မှတိုက်ခတ်လာသည့်လေထုကိုတောင်မခံစားနိုင်လောက်တော့သည်အထိကိုShotaroရဲ့အနမ်းထဲမှာနစ်မြောသွားသည်။

သူ့ခါးကိုမတ်လိုက်မိတော့Shotaroအရပ်ကမမှီသည်မို့ခြေဖျားကိုအနည်းငယ်ထောက်လိုက်ရသည်။နမ်းနေရင်းရုတ်တစ်ရက်ခြေဖျားထောက်လိုက်ရသည်မို့Shotaroလေးအရှိန်ပျက်ကာအနောက်အနည်းငယ်လဲကျသွားသည်။

(ခြေဖျားထောက်ပြီးနမ်းတာလေးကိုမြင်ယောင်အောင်လို့😁)

ဒါပေမဲ့SungchanကShotaroလေးရဲ့ခါးကိုသူ့လက်တစ်ဖက်နဲ့ပြန်ထိန်းလိုက်ပြီးနောက်လက်တစ်ဖက်ကShotaroရဲ့ဖြူဖြူအုအုပါးပြင်လေးကိုကိုင်ကာစောနကပြတ်တောက်သွားသည့်အနမ်းကိုပြန်လည်ဆက်လိုက်သည်။

စနမ်းတာကShotaroဆိုပေမဲ့အနမ်းကိုဦးဆောင်နေသူမှာတော့Sungchanဖြစ်သည်။Sungchanခံစားမိသည့်Shotaroလေးရဲ့နှုတ်ခမ်းအရသာ....စတော်ဘယ်ရီlip balmရဲ့အရသာ....အာခံတွင်းနွေးနွေးလေးရဲ့အရသာတို့ကိုSungchanမက်မက်မောမောရယူမိသည်။

အတော်အတန်ကြာအောင်နမ်းပြီးသွားတော့Sungchanမရပ်ချင်ပေမဲ့လည်းချစ်ရသူသူ့ရဲ့ကလေးကမောလာလို့ထင်ပါရဲ့။လက်မောင်းက်ုအသာလေးလာထုသည်။အဲ့တော့Sungchanမှာနမ်းနေတာကိုရပ်လိုက်ရသည်။မရပ်ခင်Shotaroရဲ့နှုတ်ခမ်းဖူးဖူးလေးကိုအမိအရကိုက်လိုက်ပါသေးသည်။

နှစ်ယောက်သားနမ်းပြီးသွားလို့တစ်ယောက်မျက်နှာတစ်ယောက်မြတ်နိုးစွာကြည့်နေတုန်းမှာပဲ.....

"တီ....တီ!!!!!"

Shotaroရဲ့မိဘနှစ်ပါးလုံးအလုပ်မှပြန်လာခြင်းဖြစ်သည်။သူတို့နှစ်ယောက်လည်းကားသံကြားတော့မှအနည်းငယ်ခွာကာSungchanကလည်းရှက်ရမ်းရမ်းပြီးသူ့ကားဆီပြေးသွားတော့သည်။

Shotaroလေးကလည်းSungchanပြေးသွားတာမြင်တော့မှစိတ်ကိုပြန်ထိန်းပြီးခြံတံခါးကိုဖွင့်လိုက်သည်။

Shotaro's pov-Okasanတို့မြင်သွားလားမသိပါဘူး

ဒီလိုအချိန်လောက်ဆိုသူ့မျက်နှာတစ်ခုလုံးနီရဲနေမယ်ဆိုတာShotaroသိတာမလို့မိဘတွေမမြင်ခင်အိမ်ထဲကိုသုတ်သုတ် သုတ်သုတ်နဲ့ပြေးဝင်သွားတော့သည်။Sungchanကတော့သူ့ကလေးပြေးဝင်သွားတာကိုမြင်မှပဲကားကိုအမြန်လှည့်ကာအိမ်ကိုပြန်တော့သည်။

Time skip......

Sungchanတစ်ယောက်အိမ်ပြန်ရောက်သည်နှင့်မီးဖိုချောင်ထဲဝင်ကာရေသောက်မိသည်။အမှန်အတိုင်းဝန်ခံရလျှင်သူကြောက်နေမိသည်။Shotaroလေးနဲ့နမ်းနေတာကိုမိဘတွေမြင်သွားပြီလားဆိုတဲ့စိတ်ကစိုးမိုးနေသည်။သူကတော့ဘာမှမဖြစ်ပေမဲ့သူ့ကြောင့်Shotaroလေးအဆူခံရမှာကိုလည်းတွေးပူမိသည်။

ပထမတစ်ခေါက်တွေ့ကတည်းကအနည်းငယ်မသင့်တော့သည့်မြင်ကွင်းဖြင့်သူတို့နှစ်ယောက်ကိုမြင်လိုက်သည်။အခုတစ်ခေါက်တွေ့ပြန်တော့လည်းအိမ်ရှေ့တည့်တည့်မှာနမ်းနေသည့်မြင်ကွင်း။

Sungchanကလည်းသူများအိမ်ရှေ့မှာလူမြင်ကွင်းဘာညာမရှောင်ဘဲသွားနမ်းမိသည်။တော်ကြာနေသူတို့သားကိုအသားယူတဲ့လူလို့ထင်သွားပြီးသဘောမတူနိုင်ဘူးပြောလာမှဖြင့်။

"Jung Sungchanရေ....မင်းတော့ဒီတစ်သက်ကံကောင်းဦးပါ့မလား"

"တစ်ယောက်တည်းဘာတွေပြောနေတာလဲသားရဲ့"

ကိုယ့်ဟာကိုတွေးပြီးပြောလိုက်သည့်စကားကိုဘယ်တုန်းကတည်းကရောက်နေမှန်းမသိတဲ့အမေဖြစ်သူကကြားသွားသည်ထင်။

"အော်.....ဟိုဟာလေ.......သားOmmaတို့နဲ့တိုင်ပင်စရာရှိတယ်"

"အင်းပြောလေ"

"Appaလာမှတူတူပြောပြမယ်"

"အေးပါ"

Sungchanသူ့တစ်ယောက်တည်းနဲ့ဆိုမရမှန်းသိတာမို့မိဘတွေကိုပါအကျိုးအကြောင်းပြောပြပြီးShotaroလေးမိဘတွေသဘောတူအောင်လုပ်မည်ဟုသူဆုံးဖြတ်လိုက်သည်။

Sungchan Appaအိမ်ပြန်ရောက်တော့ကားပေါ်ကဆင်းသည်နှင့်ချက်ချင်းအဖေဖြစ်သူကိုလက်ဆွဲခေါ်ကာဧည့်ခန်းထဲမှာထိုင်စေလိုက်သည်။

"Appaတို့ကိုတိုင်ပင်စရာရှိတယ်ဆိုသားOmmaပြောတယ်"

"ဟုတ်တယ်Appaဟိုလေ......Shotaroကိစ္စပါ"

"အင်းပြော"

"သားကိုShotaroရဲ့မိဘတွေကသဘောမကျဘူးထင်တယ်Appaအဲ့တာအကယ်လို့သားကိုသူ့သားနဲ့သဘောမတူနိုင်ပါဘူးလို့ပြောလာရင်Appaတို့ကသားကိုကူညီပေးပါဦးလို့ပြောမလို့ပါ"

ထိုအခါSungchan Appaကလက်ထဲကအိတ်ကိုစားပွဲပေါ်တင်လိုက်ပြီးSungchanကိုသေချာကြည့်ကာရယ်ရယ်​မောမောဖြင့်....

"ငါ့သားကလည်းAppaတို့ကဖြင့်ShotaroလေးAppaနဲ့တွေ့ပြီးသွားပေါ့။သားအဲ့ကိစ္စစိတ်မပူတော့ရင်တောင်ရတယ်"

"ဗျာ...!"

အဖေဖြစ်သူပြောလိုက်သည့်စကားကြောင့်Sungchanခနတာကြောင်သွားသည်။

"Appaပြောပြမယ်.....ဒီနေ့Appaရဲ့ပရောဂျက်အသစ်အတွက်ဂျပန်ကရှယ်ယာရှင်တစ်ချို့နဲ့ပူးပေါင်းပြီးလုပ်ရမှာသားသိတယ်မလား....အေးအဲ့တာအတူတူလုပ်ရမဲ့သူတွေကShotaroလေးရဲ့မိဘတွေဖြစ်နေတာ"

Flash back.........

Shotaroနဲ့Sungchanတို့ကျောင်းမှာရှိနေစဥ်Sungchan Appaရဲ့company၌........

"အတွင်းရေးမှူးJun...ဒီနေ့ဂျပန်ကရှယ်ယာရှင်တွေလာမှာအသိပေးပြီးပြီမလား"

"ဟုတ်ကဲ့ လိုအပ်တဲ့အရာတွေအကုန်လုံးကိုလည်းလုပ်ပြီးပြီပါပြီရှင့်"
.............

"တွေ့ရတာဝမ်းသာပါတယ်Mr.Osaki"

"ဟုတ်ကဲ့ကျွန်တော်လည်းCEO.Jungကိုတွေ့ရတာဝမ်းသာပါတယ်ပြီးတော့အခုလိုမျိုးအလုပ်အတူတွဲလုပ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်"

"ဟုတ်ကဲ့ကျွန်တော်လည်းအတူတူပါပဲ.....ထိုင်ပါဦး"

Mr.Osakiနဲ့CEO.Jungတို့လည်းရုံးခန်းထဲကတိုဖာပေါ်မှာထိုင်လိုက်ကြပြီးအလုပ်ကိစ္စဆွေးနွေးကြသည်။

"ဒါဆိုကျွန်တော်ဂျပန်ဘက်ကစက်ရုံကိုဆက်သွယ်ပြီးတာနဲ့ဒီကိုတင်သွင်းလို့ရပြီပေါ့"

"ဟုတ်ပါတယ်ကုန်တိုက်တွေကိုတင်သွင်းဖို့ဆိုရင်နောက်နှစ်လလောက်နဲ့ဒီပရောဂျက်ပြီးပါတယ်"

"အင်း....ကောင်းပါပြီဒါဆိုကျွန်တော်တို့အလုပ်ကိစ္စဒီမှာပဲ ခနနားကြတာပေါ့"

"ဟုတ်ကဲ့ပါ.....အော်ဒါနဲ့ကျွန်တော်Mr.Osakiကိုထမင်းလိုက်ကျွေးလို့ရမလားမိတ်ဖြစ်ဆွေဖြစ်သဘောမျိုးပေါ့ဗျာ"

"ရပါတယ်"

ဒီလိုနဲ့အဖေနှစ်ယောက်နေ့လည်စာစားကြရင်းမိသားစုအကြောင်းတွေပြောဖြစ်ကြသည်။

"Mr.Osakiမှာသားတစ်ယောက်ရှိတယ်လို့ကြားတယ်"

"ဟုတ်ပါတယ်တစ်ဦးတည်းသောသားလေးပါ"

"ဒါဆိုကျွန်တော်နဲ့တူတာပဲကျွန်တော့်မှာလည်းတစ်ဦးတည်းသောသားရှိတယ်"

"အော်....တိုက်ဆိုင်နေတာပဲကျွန်တော့်သားကShotaro Osakiလေဒီမှာပဲကျောင်းတက်နေတာ"

SungchanအဖေမှာShotaroလေးနာမည်ကြားလိုက်တော့ခနတာအနည်းငယ်အံ့အားသင့်သွားသည်။

"Mr.Osakiရဲ့သားနာမည်ကShotaroလား?"

"ဟုတ်တယ်လေ..ဘာဖြစ်လို့လဲ"

"ကျွန်တော့်သားကောင်လေးနာမည်နဲ့ဆင်နေလို့ပါ"

"ဟင်....နာမည်ဆင်တာများဖြစ်နေမလား....ဒီမှာကျွန်တော့်သားက"

ဟုဆိုကာဖုန်းကိုထုတ်ပြီးShotaroလေးရဲ့ဓာတ်ပုံကိုပြလိုက်တော့Sungchanအဖေမှ....

"အယ်....ဟုတ်နေတာပဲဒါကျွန်တော့်သားရဲ့ကောင်လေးလေ"

"ဒါဆို.....ခင်ဗျားကJung Sungchanရဲ့အဖေလား"

"ဟုတ်ပါတယ်"

"ကျွန်တော်တို့ကတော့ဘယ်လိုတောင်ခမည်းခမက်တော်ရမဲ့ရေစက်ပါလိမ့်နော်"

"ဟဟ....ဟုတ်ပါ့ဗျာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့ကလေးနှစ်ယောက်ကိုသဘောတူပါတယ်"

"ကျွန်တော်လည်းတူတော့တူပါတယ်ဒါပေမဲ့ကလေးတွေကငယ်လည်းငယ်ကြသေးတော့ကျွန်တော်နည်းနည်းတော့စိုးရိမ်မိတယ်"

"အင်း....ကျွန်တော်ကကိုယ့်သားမလို့ပြောတာတော့မဟုတ်ပါဘူးSungchanကလိမ္မာရေးခြားရှိတဲ့ကလေးလေးပါဗျာShotaroလေးကိုလည်းတော်တော်ချစ်ရှာတာ။သည်းသည်းလှုပ်ချက်ကတော့ကျွန်တော်တောင်လက်ဖျားခါရတယ်"

"ဟုတ်ကဲ့ပါ....ကျွန်တော်လည်းအစကShotaroလေးက်ုစိုးရိမ်နေတာကြီးလာရင်Companyကိုကောင်းကောင်းဦးစီးနိုင်ပါ့မလားဆိုပြီးတော့ဒါပေမဲ့အခုတော့CEO.Jungရဲ့သားနဲ့ဆိုတော့လည်းကျွန်တော်စိတ်ချသွားနိုင်ပါပြီဗျာ"

"ဟဟ.......ဟုတ်ကဲ့ပါ"

Flashback end......

"ဒါ....ဒါဆိုShotaroလေးရဲ့မိဘတွေကသားတို့ကိုသဘောတူတယ်ပေါ့"

"မတူပဲနေမလားငါ့သားရဲ့"

ထိုအခါမှSungchanမျက်နှာမှာအပြုံးတွေပြန်လည်ရောက်လာပြီးအဖေဖြစ်သူကိုအားနဲ့လှမ်းဖက်လိုက်သည်။

"ကျေးဇူးပါAppa"

"အေးပါအေးပါ"

ထိုစဥ်Sungchan Ommaကမီးဖိုချောင်ထဲကထွက်လာပြီး

"ကဲဒါဆိုရေသွားချိုးခနနေဧည့်သည်တွေလာလိမ့်မယ်"

"ဟာ....Ommaကလည်းဘယ်ကသူတွေတုန်း"

"အော်...ဘယ်သူရှိရမှာလဲ....သားရဲ့မတော်ရသေးတဲ့အမျိုးသားတို့မိသားစုလာမှာOmmaတို့ထမင်းစားဖိတ်ထားတယ်"

"ဟီး....ဒါဆိုရေသွားချိုးလိုက်ဦးမယ်Appaနဲ့Omma"

ဟုပြောကာအပေါ်ထပ်ကိုအမြန်ပြေးတက်သွားသည့်Sungchanကိုမိဘနှစ်ပါးဖြစ်သူကတော့မလွယ်ဘူးဆိူသည့်အနေဖြင့်ခေါင်းခါလျက်။
......................
တစ်ဖက်အိမ်တွင်လည်း......

"ဗျာ.....ဒါဆိုOtosanတို့လည်းသားကိုHyungနဲ့သဘောတူတယ်ပေါ့"

"ဒါပေါ့ငါ့သားရဲ့.....CEO.Jungရဲ့သားဆိုတော့Otosanတို့ကမတူပဲနေပါ့မလား"

"ကျေးဇူးတင်လိုက်တာOtosanကောOkasanကော"

"ကဲဒါဆိုအဝတ်အစားလဲတော့Okasanတို့ကိုထမင်းစားဖိတ်ထားတယ်အတူတူသွားကြမယ်"

"ဘယ်ကိုသွားကြမှာလဲ...သားမလိုက်ချင်ဘူး"

"သားရဲ့မတော်ရသေးတဲ့အမျိုးသားအိမ်ကိုသွားမှာသူတို့ကထမင်းစားဖိတ်ထားတယ်မလိုက်ချင်ဘူးပေါ့....ဒါဆိုလည်းရပါတယ်Oksanတို့ပဲသွားပါတော့မယ်"

"ဟာ...လိုက်မှာပေါ့Okasanကလည်းHyungဆီသွားမှာကို"

"အဲ့တာဆိုလည်းသွားအဝတ်အစားသွားလဲချေ"

စကားသံလည်းဆုံးရောချက်ချင်းကိုအိမ်ပေါ်ထပ်ပြေးတက်သွားတဲ့သားဖြစ်သူကို

"​ဖြေးဖြေးလည်းသွားဦး...."

"Hai........."
___________________________________________

Thanks for reading🌸




Bạn đang đọc truyện trên: TruyenTop.Vip