STATER

CHAPTER STARTER
R/N
[...] - system talks
"..." - host talking
'...' - system thoughts

**********************

S

ystem က host လုပ်ဆောင်ရမည့်တာဝန်များကိုရှင်းပြလို့နေသည်။

[ တိုတိုပြောရရင် host ကမစ်ရှင်တွေကို
ဖြေရှင်းနေတဲ့အချိန်မှာ side task တွေကော နှစ်လုံးသားအမှတ်ကိုပါ ကြောင်အနေနဲ့ လုပ်ဆောင်သွားရမှာပါ...

host ရဲ့အဓိကမစ်ရှင်က points‌ တွေကိုအမှတ်ပြည့်စုဆောင်းရမှာပါ...

side task ကတော့point များများရဖို့host လုပ်ဆောင်ရမယ့် အသေးစားမစ်ရှင်ဖြစ်ပါတယ်၊ ဒါပေမဲ့ အဲဒီမစ်ရှင်အသေးစားက host ရဲ့အဓိကမစ်ရှင်ကနေရလာမယ့်အမှတ်ထက်တော့နည်းမှာပါ၊

နှလုံးသားအမှတ်ကတော့ နည်းနည်းကွဲပြားပါတယ်၊ ဒါကြောင့် ကျွန်တော်ရှင်းပြတဲ့အချိန် host သေသေချာချာအာရုံစိုက်ဖို့ လိုပါတယ် ]

[ နှလုံးသားအမှတ်က host ကြောင်အဖြစ်နဲ့ ရှိနေတဲ့အချိန်မှာ host ရဲ့ပိုင်ရှင်ဆီကနေ ရယူရမှာဖြစ်ပါတယ်၊ နှလုံးသားအမှတ်က ခက်ခဲတဲ့အတွက်ကြောင့် host အနေနဲ့ ကြိုးစားပြီးရယူဖို့ မှာကြားချင်ပါတယ်၊ ပြီတော့နှလုံးသားအမှတ်ကို အရောင်သုံးရောင်ခွဲပေးထားမှာပါ...

0-30% အပြာရောင် _ မကြိုက်နှစ်သက်သောစိတ်ခံစားမှု

31-99% အနီရောင် _ ချစ်ခင်မှု

100-??? အပန်းရောင် _ အချစ်(???) ]

"ဘာလို့အပန်းရောင်က question marks တွေနဲ့ဖြစ်နေတာလဲ"

[ ဘယ်သူမှအပန်းရောင်ထိကို မရောက်ဖူးသေးလို့ပါ၊ ဒါပေမဲ့ အဲတာက host က အပန်းရောင်အထိမရောက်နိုင်ဘူးလို့မဆိုလိုပါဘူး... ဒါကြောင့်ကြိုးစားထားပါ host ]

"ဟင်... ဒါဆို... ငါတို့စလို့ရပြီလား"

[ရပါပြီ... ကျွန်တော် host ကိုဘယ်လိုခေါ်ရမလဲ... ပြီးတော့ host က ယောက်ျားလား၊ မိန်းမလားဆိုတာ ကျွန်တော်တို့မသိသေးဘူးနော် ]

"ငါအဲ့တာတွေကိုဂရုမစိုက်ဘူး၊ ငါအခုနောက်တစ်ခါပြန်လည်ရှင်သန်နေပြီဘဲ... အခြားအရာတွေကကိစ္စမရှိပါဘူး"

'ဒီ host က အဲလိုမျိုးကိစ္စတွေအတွက် စိတ်မဝင်စားဘူးလား? မယုံချင်စရာကြီး!'

[ ဒါဆိုရင် ကျှန်တော်တို့စလိုက်ကြရအောင်...
ဝိဉာဉ်ကူးပြောင်းတဲ့အချိန် host နာကျင်ပါလိမ့်မယ် ]

system ပြောပြီးနောက် ခေတ္တခဏမျှအကြာမှာပင် ပြင်းထန်သည့် နာကျင်မှုနှင့်အတူ ကမ္ဘာတစ်ခုသို့ ကူးပြောင်းခံလိုက်ရသည်။

Bạn đang đọc truyện trên: TruyenTop.Vip