Part 19

ပုံမှန်ဆို စကားကိုကျွက်စီ ကျွက်စီနဲ့ ပြောတတ်သည့် Matthewက ကားပေါ်မှာတော့ Jiwoongကိုဘာမှမပြော။ ဇက်ကြီးလိမ်သွားမတတMatthewအားလှည့်ကြည့်နေသည်ကိုလည်း ဘာမှမပြောပုံကြည့်ရတာ အိမ်ရောက်တော့မှ သူ့ကိုဆူတော့မယ်ထင်ပါတယ်လေ။

တိုက်ခန်းကိုရောက်လာတော့ မအိပ်သေးဘဲစောင့်နေသည့် Rickyက ဧည့်ခန်းမှာထိုင်နေသည်။

" ရောက်လာကြပြီလား ဒါဆို ငါသွားအိပ်တော့မယ် ပေါင်ပေ့ Geမကူပေးတော့ဘူးနော် အဲ့ကောင်ရုပ်ကိုမကြည့်ချင်သေးဘူး "

" ဟျောင့် ငါအရက်ပဲသောက်လာတာနော် နားမကန်းသေးဘူး "

" ငါလည်း မင်းကြားအောင် တစ်မင်ပြောတာလေ အရက်သမားရဲ့ "

" ဒီကောင်- "

မူကြိုကလေးတွေလို ရန်ဖြစ်တော့မည့်နှစ်ယောက်ကို ကြားထဲက Matthewကပင်တားရတော့သည်။

"ကဲ တော်ကြပါတော့ Geလည်းသွားအိပ်တော့ ကျွန်တော် Hyungကို ကျန်တာလုပ်ပေးလိုက်မယ် "

" အင်းအင်း ပေါင်ပေ့လည်း ဒီညဒီမှာပဲအိပ်ရင်အိပ်သွားပေါ့ နောက်လည်းကျနေပြီ "

" ဟုတ် အဲ့လိုပဲလုပ်ဖို့ စဥ်းစားထားတယ် Hyung"

............

Rickyကို နှုတ်ဆက်ခဲ့ပြီး Jiwoongကိုအခန်းထဲတွဲပို့လာပြီးနောက် ကုတင်အစွန်းမှာ ထိုင်ခိုင်းလိုက်သည်။ ထို့နောက် လိမ်ပြီးအရက်သွားသောက်သည်ကို ဆူတော့မယ်ဟုတွေးကာ Matthewမှ စကားစလိုက်သည်။

" ဘာလို့ ကျွန်တော့်ကိုလိမ်ပြော- အင့်! "

Matthewစကားပြောလို့တောင်မဆုံးသေးခင်အချိန်မှာပဲ မူးနေပါသည်ဆိုတဲ့ Jiwoongက ရုတ်တစ်ရက်ကြီးဘာမှမဖြစ်သလိုထကာ Matthewကို ဇတ်ခနဲ ပွေ့ချီလိုက်ပြီး ကုတင်ဘေးက စာရေးစားပွဲခုံပေါ်တင်လိုက်သည်။

" Hyung ကျွန်တော်ပြောလို့မပြီး- "

ထပ်ပြီးပြောလို့မဆုံးသေးခင်မှာပဲ Jiwoongက Matthewကို နမ်းလာပြန်သည်။ Jiwoongပခုံးကိုကိုင်ထားသည့် Matthewရဲ့လက်တွေက အစကတော့ တွန်းကန်ဖို့ဆန္ဒရှိပေမဲ့ မပြတ်လပ်သွားတဲ့ Jiwoongရဲ့အနမ်းတွေကြောင့် မတွန်းကန်တော့တဲ့အပြင် ပခုံးပေါ်ကိုပါ ဖက်တွယ်လိုက်သေးသည်။

မိနစ်ပိုင်းလောက်နမ်းပြီးတော့မှ ခဏတာရပ်လိုက်ပြီး Jiwoongက အပြုံးလေးဖြင့်

" ကိုယ်လိမ်တာမဟုတ်ရပါဘူး ကိုယ်သူတို့နဲ့စာလုပ်ဖို့သွားနေကျ ပြီးခဲ့တဲ့အခေါက်တွေက အမှတ်ကောင်းကောင်းရထားတော့ သူတို့နဲ့ပဲဆက်ပြီး အပေါင်းသင်းလုပ်ဖြစ်နေတာ ပြီးတော့ Alexက နည်းနည်းအသောက်စားကြိုက်တတ်တော့ ကိုယ်လည်းစိတ်ပြေလက်ပျောက်သွားဖြစ်တာပါကွာ ကိုယ့်ဘေဘီလေးက စိတ်မဆိုးနဲ့နော် "

Jiwoong Barရောက်နေတယ်ဆိုပြီးသိလိုက်ကတည်းက သူ့လိမ်ပြီးသွားလို့ စိတ်ဆိုးမိသည်။ ဒါကြောင့် ပြောဖို့ဆိုဖို့ စကားလုံးတွေစီလာခဲ့တဲ့ Matthewတစ်ယောက် Jiwoongရဲ့ အနမ်းတွေနဲ့တင် ပြောမဲ့စကားလုံးတွေတောင် ကြက်ပျောက် ငှက်ပျောက်ဖြစ်ကုန်သည်။

" ကိုယ်အရင်Yeriနဲ့တွဲနေတုန်းက Matthewလုပ်လာပေးတဲ့ မုန့်တွေကို Yeriကိုကျွေးပြီး ကိုယ်စားလိုက်ပါတယ်လို့ လိမ်ပြောမိလို့ Matthewကိုယ့်ကိုစိတ်ဆိုးသေးတယ်လေ မှတ်မိတယ်မလား "

Matthewအသာလေးခေါင်းငြိမ့်ပြမိသည်။

" အဲ့ကတည်းက ကိုယ့်ကိုစိတ်ဆိုးမှာအရမ်းကြောက်တာ ဘေဘီရဲ့ အခုတစ်ခေါက်က ကိုယ်မှားတာမလို့ ကိုယ်ကပဲတောင်းပန်ပါတယ်နော် နောက်ဆိုကိုယ်သေချာပြောပြပါ့မယ် "

ကဲ Matthewခါးကိုအသာလေးဖက်ပြီး အသနားခံသည့်မျက်လုံးလေးတွေနဲ့ ပြောဆိုလာတော့ ချစ်နေရသည့် Matthewက ဘာကိုဆက်ပြီးစိတ်ဆိုးနိုင်တော့မည်နည်း။

" အင်းပါ....နောက်တစ်ခါသေချာပြောသွားပေါ့ သွားသောက်တယ်ဆိုလည်း ကျွန်တော်ကတားပိုင်ခွင့်မှမရှိတာ အဲ့တာကိုသေချာမပြောသွားဘဲနဲ့ "

" ဟုတ်ပါပြီ ကိုယ်နောက်ဆိုအမှန်တိုင်းပြောသွားပါ့မယ် ကိုယ့်အသဲတုံးလေး "

ကိုယ့်အသဲတုံးလေးလို့ခေါ်တော့ စားပွဲခုံပေါ်မှာထိုင်နေသည့်ကောင်လေးက သဘောကျသည်ထင်။ ခေါင်းလေးငုံ့ကာ ရှက်ပြုံးလေးပြုံးလို့လာသည်။ ပြီးတော့ အရဲစွန့်စွာဖြင့်

" ကျွန်တော်တစ်ခုတောင်းဆိုချင်စရာရှိသေးတယ် "

Jiwoongက ပြောလေဆိုသည့်သဘောဖြင့် မျက်လုံးလေးမှိတ်ပြကာ မေးဆတ်လိုက်သည်။

" ကျွန်တော့်ကို စောနကလို ထပ် နမ်းပါလား "

မဝံ့မရဲနဲ့ Jiwoongနားနားလေးကပ်ကာ လေသံလေးဖြင့် ပြောပြီး သူ့ဟာသူရှက်လို့နေပြန်သေးသည်။

Jiwoongမယ် စားပွဲခုံပေါ်ကကောင်လေးကိုကြည့်ပြီး အသည်းတွေတယားယားသာဖြစ်လို့နေသည်။ ဒီကောင်လေးကသူ့ရည်းစားဖြစ်တာဘယ်လောက်တောင်ကောင်းလိုက်သလဲ။ ဒီလိုချစ်စရာ နှစ်စရာ ကောင်ကလေးကို သူပိုင်ဆိုင်ထားရတယ်ဆိုတာ ဘယ်လောက်တောင် စိတ်ကျေနပ်ဖို့ကောင်းလိုက်သလဲ။

သူဘာ​ပြောပြောနာခံတတ်ပြီး အထွန့်မတက်တဲ့ကောင်လေး။ အခုလည်းသူ့ကိုလိမ်ပြောလို့ ဆူမလို့လုပ်တာကို သူစကားလုံးတွေနဲ့ချွေပြီး တောင်းပန်လိုက်တော့ ချက်ချင်း စောနကလိုနမ်းတွေဖြစ်ကုန်သည်။ အခုလို Matthewနှလုံးသားလေးကို အပိုင်ရထားလို့ Jiwoongဂုဏ်ယူမိပါသည်။

တောင်းဆိုသည့်အတိုင်း အနမ်းချိုချိုလေးတွေထပ်မံပေးလိုက်တော့ ကောင်လေးကသဘောကျသည်ထင်ပါရဲ့။ နမ်းနေရင်း ပြုံးလိုက်သေးသည်။

.................

အချစ်ငှက်ငယ်လေးနှစ်ကောင်ကတော့ မနေ့ညကတည်းက သာယာတဲ့အချိန်လေးတွေပိုင်ဆိုင်ခဲ့သည့်အပြင် အခုလည်း ဧည့်ခန်းထဲမှာ တစ်ဟီးဟီးလုပ်နေကြတော့ သုံးဘီးလေးဖြစ်နေသည့် Rickyတစ်ယောက် အိမ်နားက ကော်ဖီဆိုင်မှာပဲ စာသွားလုပ်ရန် ဆုံးဖြတ်လိုက်သည်။

" ငါ ဒီနားက ကော်ဖီဆိုင်မှာ စာသွားလုပ်လိုက်ဦးမယ် "

" ဘာလို့လဲ Geရဲ့ ကျွန်တော်တို့နဲ့အတူတူနေတာမဟုတ်ဘူး ပိတ်ရက်လေးမှတွေ့ရတာကို "

" သြော်....Geသာအတူနေ ခေါ်နေတာ မင်းတို့က မင်းတို့ဘာသာ တစ်ကမ္ဘာလုပ်နေကြပြီးတော့ "

Rickyကပြောတော့ Jiwoongရင်ခွင်ထဲမှ Matthewက ရှက်ပြုံးလေးပြုံးမိသည်။

" နှစ်ယောက်သား အေးဆေးနေကြပါ Geလည်း အဲ့ဆိုင်သွားမယ်ဆိုပြီး မသွားဖြစ်သေးလို့ "

ဆိုကာ နှုတ်ဆက်ခဲ့ပြီး ကျောပိုးအိတ်ကိုတစ်ဖက်လွယ်ကာ ထွက်လာခဲ့လိုက်သည်။

ဆိုင်ကလည်း ကျောင်းသားကျောင်းသူတွေတော်တော်များများလာဖြစ်ကြသည့်ဆိုင်မျိုးပင်။ ချစ်ဖို့ကောင်းသည့် အပြင်အဆင်လေးတွေနဲ့မလို့ ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်လည်း တင်လို့အဆင်ပြေသည်။

ဆိုင်ကနှစ်ထပ်ရှိတာမလို့ Rickyမုန့်နှင့်ကော်ဖီမှာခဲ့လိုက်ပြီး အပေါ်ထပ်တွင် စာလုပ်ရန်တက်လာလိုက်သည်။

နေရာမှာထိုင်ပြီးသည့်နောက် ဘေးဘီဝဲယာကိုလည်းလှည့်လည်ကြည့်မိလိုက်တော့ သူနှင့်မနီးမဝေးက တစ်နေရာမှာ ထိုင်နေသည့်သူနားအကြည့်စိုက်မိလိုက်သည်။

" သြော်....ဒါ ဟိုအစ်ကိုပဲ "

လှပ်ခနဲဖြစ်သွားသည့်စိတ်ကလေးကို ထိန်းချုပ်ကာ တံတွေးကိုလည်းမျိုချလိုက်မိသည်မှာ ထဖို့ပင်အားယူလိုက်သည့်နှယ်။

တစ်လှမ်းချင်းဖြေးညှင်းစွာလှမ်းသွားပြီးနောက် ထိုသူ၏ခုံအနားကိုရောက်တော့ Rickyဆီမှ နာမည်ခေါ်သံလေး ထွက်လာသည်။

" Taerae sunbae "

ထိုသူမှ မော့ကြည့်လာသည်။

" သြော်.....ဟိုနေ့က....Rickyမလား မင်းက "

သူ့ကိုမှတ်မိ၍တော်သေးသည်ဟု Rickyတွေးရင်း ပြန်ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်ပါတယ် ကျွန်တော်က ဟိုတစ်နေ့က Alexအကြောင်းမေးတာလေ "

" အင်းအင်း ငါမှတ်မိတယ် မင်းရုပ်ကထူးခြားနေတော့ မှတ်မိလွယ်တယ်လေ ဒါနဲ့ မင်းလည်းဒီမှာစာလာလုပ်တာလား "

" ဟုတ်တယ် ဒီနေ့မှလာဖြစ်တာ အပေါ်တက်လာရင်းနဲ့ sunbaeကိုတွေ့လို့ "

" ဒါဆို အတူလာထိုင်လေ "

" sunbae တစ်ယောက်တည်းပဲမလား "

" ဒီမှာ ငါ့အပြင် ဘယ်သူကို တွေ့သေးလို့တုန်း "

Rickyက ရှက်သွားသည့်အနေဖြင့် လည်ဂုတ်ကိုအသာပွတ်ရင်း တစ်ဖက်စားပွဲမှ သူ့ကျောပိုးအိတ်ကို ယူကာ Taeraeမျက်နှာချင်းဆိုင်မှ ခုံပေါ်တင်ထားလိုက်သည်။

" ဒါနဲ့ မင်းသူငယ်ချင်းရော Alexနဲ့ဆက်ပေါင်းနေတုန်းလား "

" ဟုတ်တယ် သူကတားမရဘူးလေ Alexကအဲ့လိုမဟုတ်ပါဘူး သူ့အပေါ်လည်းမလုပ်လောက်ပါဘူးဆိုပြီး ခံငြင်းနေလို့ ကျွန်တော်လည်းလွှတ်ထားပေးလိုက်တယ် "

" အင်း....အဲ့တာတော့ မင်းသူငယ်ချင်းသဘောပါလေ ငါကတော့ မင်းလည်းလာမေးတာနဲ့ သိတာတွေပြောပြထားတာ ဟိုရက်ကတောင် ငါအိမ်ရှေ့ထွက်ထိုင်နေတုန်း Alexကားထဲကနေ ကောင်မလေးနှစ်ယောက်နဲ့ အတူဆင်းလာတာမြင်သေးတယ် ကြည့်ရတာ အရက်နဲ့ဆေးအပြင် မိန်းမပါရှုပ်နေပြန်ပြီထင်ပါတယ် "

Taeraeပြောလိုက်တော့ Rickyမျက်နှာတစ်ချက်ပျက်သွားရသည်။ မကောင်းတာမှန်သမျှအကုန်လုပ်နေတဲ့ သူတစ်ယောက်ကြောင့် သူ့သူငယ်ချင်းပါပျက်စီးသွားမှာကို မလိုလားချေ။

Jiwoongဟာ ထိုကဲ့သို့သောလူမဟုတ်ဘူးဆိုတာသိပေမဲ့ မတော်လို့များ Alexလိုဖြစ်သွားခဲ့ရင် Jiwoongအတွက်သာမက Jiwoongနှင့်Matthewတို့ကြားက ဆက်ဆံရေးအတွက်လည်း ဆိုးရွားစေနိုင်သည်။

Rickyအရှေ့မှာထိုင်နေသည့် စီနီယာဖြစ်သူ Taeraeကတော့ ခေါင်းအသာခါကာ သက်ပြင်းကိုချပြီး ကော်ဖီကိုသာသောက်နေလေရဲ့။

" ငါလည်း ငါ့ညီကိုဘယ်လိုသွန်သင်ဆုံးမရမလဲ မသိတော့ပါဘူးကွာ "

ဝမ်းနည်းစွာပြောလာသည့် Taeraeအား Ricky ဘယ်လိုနှစ်သိမ့်ရမယ်မသိ။

" ဒီအတိုင်းလွှတ်ထားလိုက်တာ ပိုကောင်းပါတယ် သူလုပ်ထားတဲ့အရာတွေအတွက် သူ့ဟာသူခံရလိမ့်မယ် "

" အင်း မင်းပြောသလိုပဲတွေးရမှာပေါ့ "

Taeraeရဲ့ အရင်တစ်ခေါက်က ပြောပြချက်အရ သူနှင့် Alexဟာ ညီအစ်ကိုတစ်ဝမ်းကွဲတော်သည်။ ငယ်ငယ်ကတော့ အတော်လေးကိုရင်းနှီးခဲ့ကြတဲ့ ညီအစ်ကိုတွေဖြစ်ခဲ့ပေမဲ့ Taeraeအဒေါ်က နောက်အိမ်ထောင်ပြုလိုက်ပြီး Alexကို နိုင်ငံခြားပို့လိုက်ကတည်းက အခုလိုတွေပြောင်းလဲသွားရသည်ဟု Taeraeပြောပြချက်အရသိရသည်။

Taeraeနဲ့ Rickyတို့ စသိပုံကလည်း အထူးအဆန်းတော့မဟုတ်ချေ။ Jiwoongက Alexတို့အဖွဲ့နဲ့ စာအတူတူလုပ်ဖြစ်ပြီး နေ့ခင်းထမင်းအတူစားဖြစ်တယ်လို့ သိရပြီးကတည်းက Rickyအတန်းထဲကသူ တစ်ချို့ကို Alexအကြောင်းမေးဖြစ်သည်။

Alexက ကျောင်းသားအသစ်ဖြစ်နေတာမလို့ သူတို့လည်းသေချာမသိဘူးပြောပေမဲ့ ဒုတိယနှစ်မှာ Alexရဲ့ အစ်ကိုရှိတာမလို့ သွားမေးရန်ပြောပြလိုက်ရင်းနဲ့မှ Taeraeနှင့်တွေ့ရန် အကြောင်းဖန်လာရခြင်းဖြစ်သည်။

သူတို့နှစ်ဦး စသိပုံက အထူးအဆန်းမဟုတ်ပေမဲ့ စတွေ့ပုံကတော့ ရင်ခုန်စရာကောင်းသည်ဟု ဆိုရမလား။

Alexရဲ့အစ်ကိုဆိုတော့ Alexလိုမျိုး ဂျစ်ကန်ကန်ပုံစံ ခပ်မိုက်မိုက် ကျောင်းသားဆိုးလိုမျိုးပုံစံဟုသာ Rickyထင်ခဲ့မိတာတော့အမှန်ပင်။ ဒါကြောင့်သွားတွေ့တော့ Kim Taeraeရှိလား ဟုမေးပြီး တစ်ဖက်ကျောင်းသူကလှမ်းခေါ်သည်ကို ကြည့်လိုက်သည့်အခါမှာတော့ Rickyအာရုံတွေဖမ်းစားခံလိုက်ရပါသည်။

အညိုရောင် vestလေးကို အဖြူရောင်shirtအပေါ်မှာဝတ်ထားပြီး နို့နှစ်ရောင် style pantsလေးကို ဖြူပြီးသန့်နေတဲ့ sneakerလေးနဲ့ တွဲဖက်ဝတ်ထားသည့် ထို Kim Taeraeဆိုသည့် လူသားဟာ အပေါ်အောက်အနက်ရောင်ဝတ်ထားသည့်သူနှင့် ကွဲပြားစွာ ဆွဲဆောင်မှုရှိနေခဲ့သည်။

ရွှေရောင်ကိုင်းမျက်မှန်လေးကိုအသာပင့်တင်ပြီး အသံချိုချိုလေးနဲ့ နှုတ်ဆက်လာသည့် အခါမှာတော့ Rickyနှလုံးသားတစ်ခုလုံး လှုပ်ခတ်သွားရပါတော့သည်။

အခုအချိန်မှာလည်း သူ့ရှေ့မှာ စာကိုအာရုံစိုက်ပြီးလုပ်နေသည့် Taeraeဟာ Rickyကိုတောင်ရှိနေမှန်းသတိထားမိရဲ့လားမသိ။ စတွေ့တုန်းကလို ရွှေရောင်ကိုင်းမျက်မှန်လေးကို ပင့်တင်ပြီး ကော်ဖီကလည်း သောက်လိုက်သေးသည်။

လှုပ်ရှားမှုအသေးစိတ်တိုင်းကိုလိုက်ကြည့်နေရသည်မှာလည်း လက်ရာမြောက်သည့်ပန်းချီကားတစ်ချပ်ကို ရှူစားနေရသည့်အလား။ ဘယ်လိုလုပ်မလဲကွယ်.....ဒီလိုသာRickyအာရုံတွေကိုဖမ်းစားနေရင် Alexအကြောင်းသိချင်ရုံလာတွေ့ဖို့တင်မဟုတ်ဘဲ မရှိရှိတဲ့အကြောင်းရှာပြီး ခဏခဏဒီမျက်နှာလေးကို လာရှူစားနေရတော့မယ်ထင်ပါတယ်။

__________________________________________

Thanks for reading🌸

Zawgyi ver.

ပုံမွန္ဆို စကားကိုကြၽက္စီ ကြၽက္စီနဲ႕ ေျပာတတ္သည့္ Matthewက ကားေပၚမွာေတာ့ Jiwoongကိုဘာမွမေျပာ။ ဇက္ႀကီးလိမ္သြားမတတMatthewအားလွည့္ၾကည့္ေနသည္ကိုလည္း ဘာမွမေျပာပုံၾကည့္ရတာ အိမ္ေရာက္ေတာ့မွ သူ႕ကိုဆူေတာ့မယ္ထင္ပါတယ္ေလ။

တိုက္ခန္းကိုေရာက္လာေတာ့ မအိပ္ေသးဘဲေစာင့္ေနသည့္ Rickyက ဧည့္ခန္းမွာထိုင္ေနသည္။

" ေရာက္လာၾကၿပီလား ဒါဆို ငါသြားအိပ္ေတာ့မယ္ ေပါင္ေပ့ Geမကူေပးေတာ့ဘူးေနာ္ အဲ့ေကာင္႐ုပ္ကိုမၾကည့္ခ်င္ေသးဘူး "

" ေဟ်ာင့္ ငါအရက္ပဲေသာက္လာတာေနာ္ နားမကန္းေသးဘူး "

" ငါလည္း မင္းၾကားေအာင္ တစ္မင္ေျပာတာေလ အရက္သမားရဲ႕ "

" ဒီေကာင္- "

မူႀကိဳကေလးေတြလို ရန္ျဖစ္ေတာ့မည့္ႏွစ္ေယာက္ကို ၾကားထဲက Matthewကပင္တားရေတာ့သည္။

"ကဲ ေတာ္ၾကပါေတာ့ Geလည္းသြားအိပ္ေတာ့ ကြၽန္ေတာ္ Hyungကို က်န္တာလုပ္ေပးလိုက္မယ္ "

" အင္းအင္း ေပါင္ေပ့လည္း ဒီညဒီမွာပဲအိပ္ရင္အိပ္သြားေပါ့ ေနာက္လည္းက်ေနၿပီ "

" ဟုတ္ အဲ့လိုပဲလုပ္ဖို႔ စဥ္းစားထားတယ္ Hyung"

............

Rickyကို ႏႈတ္ဆက္ခဲ့ၿပီး Jiwoongကိုအခန္းထဲတြဲပို႔လာၿပီးေနာက္ ကုတင္အစြန္းမွာ ထိုင္ခိုင္းလိုက္သည္။ ထို႔ေနာက္ လိမ္ၿပီးအရက္သြားေသာက္သည္ကို ဆူေတာ့မယ္ဟုေတြးကာ Matthewမွ စကားစလိုက္သည္။

" ဘာလို႔ ကြၽန္ေတာ့္ကိုလိမ္ေျပာ- အင့္! "

Matthewစကားေျပာလို႔ေတာင္မဆုံးေသးခင္အခ်ိန္မွာပဲ မူးေနပါသည္ဆိုတဲ့ Jiwoongက ႐ုတ္တစ္ရက္ႀကီးဘာမွမျဖစ္သလိုထကာ Matthewကို ဇတ္ခနဲ ေပြ႕ခ်ီလိုက္ၿပီး ကုတင္ေဘးက စာေရးစားပြဲခုံေပၚတင္လိုက္သည္။

" Hyung ကြၽန္ေတာ္ေျပာလို႔မၿပီး- "

ထပ္ၿပီးေျပာလို႔မဆုံးေသးခင္မွာပဲ Jiwoongက Matthewကို နမ္းလာျပန္သည္။ Jiwoongပခုံးကိုကိုင္ထားသည့္ Matthewရဲ႕လက္ေတြက အစကေတာ့ တြန္းကန္ဖို႔ဆႏၵရွိေပမဲ့ မျပတ္လပ္သြားတဲ့ Jiwoongရဲ႕အနမ္းေတြေၾကာင့္ မတြန္းကန္ေတာ့တဲ့အျပင္ ပခုံးေပၚကိုပါ ဖက္တြယ္လိုက္ေသးသည္။

မိနစ္ပိုင္းေလာက္နမ္းၿပီးေတာ့မွ ခဏတာရပ္လိုက္ၿပီး Jiwoongက အၿပဳံးေလးျဖင့္

" ကိုယ္လိမ္တာမဟုတ္ရပါဘူး ကိုယ္သူတို႔နဲ႕စာလုပ္ဖို႔သြားေနက် ၿပီးခဲ့တဲ့အေခါက္ေတြက အမွတ္ေကာင္းေကာင္းရထားေတာ့ သူတို႔နဲ႕ပဲဆက္ၿပီး အေပါင္းသင္းလုပ္ျဖစ္ေနတာ ၿပီးေတာ့ Alexက နည္းနည္းအေသာက္စားႀကိဳက္တတ္ေတာ့ ကိုယ္လည္းစိတ္ေျပလက္ေပ်ာက္သြားျဖစ္တာပါကြာ ကိုယ့္ေဘဘီေလးက စိတ္မဆိုးနဲ႕ေနာ္ "

Jiwoong Barေရာက္ေနတယ္ဆိုၿပီးသိလိုက္ကတည္းက သူ႕လိမ္ၿပီးသြားလို႔ စိတ္ဆိုးမိသည္။ ဒါေၾကာင့္ ေျပာဖို႔ဆိုဖို႔ စကားလုံးေတြစီလာခဲ့တဲ့ Matthewတစ္ေယာက္ Jiwoongရဲ႕ အနမ္းေတြနဲ႕တင္ ေျပာမဲ့စကားလုံးေတြေတာင္ ၾကက္ေပ်ာက္ ငွက္ေပ်ာက္ျဖစ္ကုန္သည္။

" ကိုယ္အရင္Yeriနဲ႕တြဲေနတုန္းက Matthewလုပ္လာေပးတဲ့ မုန့္ေတြကို Yeriကိုေကြၽးၿပီး ကိုယ္စားလိုက္ပါတယ္လို႔ လိမ္ေျပာမိလို႔ Matthewကိုယ့္ကိုစိတ္ဆိုးေသးတယ္ေလ မွတ္မိတယ္မလား "

Matthewအသာေလးေခါင္းၿငိမ့္ျပမိသည္။

" အဲ့ကတည္းက ကိုယ့္ကိုစိတ္ဆိုးမွာအရမ္းေၾကာက္တာ ေဘဘီရဲ႕ အခုတစ္ေခါက္က ကိုယ္မွားတာမလို႔ ကိုယ္ကပဲေတာင္းပန္ပါတယ္ေနာ္ ေနာက္ဆိုကိုယ္ေသခ်ာေျပာျပပါ့မယ္ "

ကဲ Matthewခါးကိုအသာေလးဖက္ၿပီး အသနားခံသည့္မ်က္လုံးေလးေတြနဲ႕ ေျပာဆိုလာေတာ့ ခ်စ္ေနရသည့္ Matthewက ဘာကိုဆက္ၿပီးစိတ္ဆိုးနိုင္ေတာ့မည္နည္း။

" အင္းပါ....ေနာက္တစ္ခါေသခ်ာေျပာသြားေပါ့ သြားေသာက္တယ္ဆိုလည္း ကြၽန္ေတာ္ကတားပိုင္ခြင့္မွမရွိတာ အဲ့တာကိုေသခ်ာမေျပာသြားဘဲနဲ႕ "

" ဟုတ္ပါၿပီ ကိုယ္ေနာက္ဆိုအမွန္တိုင္းေျပာသြားပါ့မယ္ ကိုယ့္အသဲတုံးေလး "

ကိုယ့္အသဲတုံးေလးလို႔ေခၚေတာ့ စားပြဲခုံေပၚမွာထိုင္ေနသည့္ေကာင္ေလးက သေဘာက်သည္ထင္။ ေခါင္းေလးငုံ႕ကာ ရွက္ၿပဳံးေလးၿပဳံးလို႔လာသည္။ ၿပီးေတာ့ အရဲစြန့္စြာျဖင့္

" ကြၽန္ေတာ္တစ္ခုေတာင္းဆိုခ်င္စရာရွိေသးတယ္ "

Jiwoongက ေျပာေလဆိုသည့္သေဘာျဖင့္ မ်က္လုံးေလးမွိတ္ျပကာ ေမးဆတ္လိုက္သည္။

" ကြၽန္ေတာ့္ကို ေစာနကလို ထပ္ နမ္းပါလား "

မဝံ့မရဲနဲ႕ Jiwoongနားနားေလးကပ္ကာ ေလသံေလးျဖင့္ ေျပာၿပီး သူ႕ဟာသူရွက္လို႔ေနျပန္ေသးသည္။

Jiwoongမယ္ စားပြဲခုံေပၚကေကာင္ေလးကိုၾကည့္ၿပီး အသည္းေတြတယားယားသာျဖစ္လို႔ေနသည္။ ဒီေကာင္ေလးကသူ႕ရည္းစားျဖစ္တာဘယ္ေလာက္ေတာင္ေကာင္းလိုက္သလဲ။ ဒီလိုခ်စ္စရာ ႏွစ္စရာ ေကာင္ကေလးကို သူပိုင္ဆိုင္ထားရတယ္ဆိုတာ ဘယ္ေလာက္ေတာင္ စိတ္ေက်နပ္ဖို႔ေကာင္းလိုက္သလဲ။

သူဘာ​ေျပာေျပာနာခံတတ္ၿပီး အထြန့္မတက္တဲ့ေကာင္ေလး။ အခုလည္းသူ႕ကိုလိမ္ေျပာလို႔ ဆူမလို႔လုပ္တာကို သူစကားလုံးေတြနဲ႕ေခြၽၿပီး ေတာင္းပန္လိုက္ေတာ့ ခ်က္ခ်င္း ေစာနကလိုနမ္းေတြျဖစ္ကုန္သည္။ အခုလို Matthewႏွလုံးသားေလးကို အပိုင္ရထားလို႔ Jiwoongဂုဏ္ယူမိပါသည္။

ေတာင္းဆိုသည့္အတိုင္း အနမ္းခ်ိဳခ်ိဳေလးေတြထပ္မံေပးလိုက္ေတာ့ ေကာင္ေလးကသေဘာက်သည္ထင္ပါရဲ႕။ နမ္းေနရင္း ၿပဳံးလိုက္ေသးသည္။

.................

အခ်စ္ငွက္ငယ္ေလးႏွစ္ေကာင္ကေတာ့ မေန႕ညကတည္းက သာယာတဲ့အခ်ိန္ေလးေတြပိုင္ဆိုင္ခဲ့သည့္အျပင္ အခုလည္း ဧည့္ခန္းထဲမွာ တစ္ဟီးဟီးလုပ္ေနၾကေတာ့ သုံးဘီးေလးျဖစ္ေနသည့္ Rickyတစ္ေယာက္ အိမ္နားက ေကာ္ဖီဆိုင္မွာပဲ စာသြားလုပ္ရန္ ဆုံးျဖတ္လိုက္သည္။

" ငါ ဒီနားက ေကာ္ဖီဆိုင္မွာ စာသြားလုပ္လိုက္ဦးမယ္ "

" ဘာလို႔လဲ Geရဲ႕ ကြၽန္ေတာ္တို႔နဲ႕အတူတူေနတာမဟုတ္ဘူး ပိတ္ရက္ေလးမွေတြ႕ရတာကို "

" ေၾသာ္....Geသာအတူေန ေခၚေနတာ မင္းတို႔က မင္းတို႔ဘာသာ တစ္ကမၻာလုပ္ေနၾကၿပီးေတာ့ "

Rickyကေျပာေတာ့ Jiwoongရင္ခြင္ထဲမွ Matthewက ရွက္ၿပဳံးေလးၿပဳံးမိသည္။

" ႏွစ္ေယာက္သား ေအးေဆးေနၾကပါ Geလည္း အဲ့ဆိုင္သြားမယ္ဆိုၿပီး မသြားျဖစ္ေသးလို႔ "

ဆိုကာ ႏႈတ္ဆက္ခဲ့ၿပီး ေက်ာပိုးအိတ္ကိုတစ္ဖက္လြယ္ကာ ထြက္လာခဲ့လိုက္သည္။

ဆိုင္ကလည္း ေက်ာင္းသားေက်ာင္းသူေတြေတာ္ေတာ္မ်ားမ်ားလာျဖစ္ၾကသည့္ဆိုင္မ်ိဳးပင္။ ခ်စ္ဖို႔ေကာင္းသည့္ အျပင္အဆင္ေလးေတြနဲ႕မလို႔ ဓာတ္ပုံရိုက္ၿပီး ဆိုရွယ္မီဒီယာေပၚလည္း တင္လို႔အဆင္ေျပသည္။

ဆိုင္ကႏွစ္ထပ္ရွိတာမလို႔ Rickyမုန့္ႏွင့္ေကာ္ဖီမွာခဲ့လိုက္ၿပီး အေပၚထပ္တြင္ စာလုပ္ရန္တက္လာလိုက္သည္။

ေနရာမွာထိုင္ၿပီးသည့္ေနာက္ ေဘးဘီဝဲယာကိုလည္းလွည့္လည္ၾကည့္မိလိုက္ေတာ့ သူႏွင့္မနီးမေဝးက တစ္ေနရာမွာ ထိုင္ေနသည့္သူနားအၾကည့္စိုက္မိလိုက္သည္။

" ေၾသာ္....ဒါ ဟိုအစ္ကိုပဲ "

လွပ္ခနဲျဖစ္သြားသည့္စိတ္ကေလးကို ထိန္းခ်ဳပ္ကာ တံေတြးကိုလည္းမ်ိဳခ်လိဳက္မိသည္မွာ ထဖို႔ပင္အားယူလိုက္သည့္ႏွယ္။

တစ္လွမ္းခ်င္းေျဖးညွင္းစြာလွမ္းသြားၿပီးေနာက္ ထိုသူ၏ခုံအနားကိုေရာက္ေတာ့ Rickyဆီမွ နာမည္ေခၚသံေလး ထြက္လာသည္။

" Taerae sunbae "

ထိုသူမွ ေမာ့ၾကည့္လာသည္။

" ေၾသာ္.....ဟိုေန႕က....Rickyမလား မင္းက "

သူ႕ကိုမွတ္မိ၍ေတာ္ေသးသည္ဟု Rickyေတြးရင္း ျပန္ေခါင္းၿငိမ့္ျပလိုက္သည္။

" ဟုတ္ပါတယ္ ကြၽန္ေတာ္က ဟိုတစ္ေန႕က Alexအေၾကာင္းေမးတာေလ "

" အင္းအင္း ငါမွတ္မိတယ္ မင္း႐ုပ္ကထူးျခားေနေတာ့ မွတ္မိလြယ္တယ္ေလ ဒါနဲ႕ မင္းလည္းဒီမွာစာလာလုပ္တာလား "

" ဟုတ္တယ္ ဒီေန႕မွလာျဖစ္တာ အေပၚတက္လာရင္းနဲ႕ sunbaeကိုေတြ႕လို႔ "

" ဒါဆို အတူလာထိုင္ေလ "

" sunbae တစ္ေယာက္တည္းပဲမလား "

" ဒီမွာ ငါ့အျပင္ ဘယ္သူကို ေတြ႕ေသးလို႔တုန္း "

Rickyက ရွက္သြားသည့္အေနျဖင့္ လည္ဂုတ္ကိုအသာပြတ္ရင္း တစ္ဖက္စားပြဲမွ သူ႕ေက်ာပိုးအိတ္ကို ယူကာ Taeraeမ်က္ႏွာခ်င္းဆိုင္မွ ခုံေပၚတင္ထားလိုက္သည္။

" ဒါနဲ႕ မင္းသူငယ္ခ်င္းေရာ Alexနဲ႕ဆက္ေပါင္းေနတုန္းလား "

" ဟုတ္တယ္ သူကတားမရဘူးေလ Alexကအဲ့လိုမဟုတ္ပါဘူး သူ႕အေပၚလည္းမလုပ္ေလာက္ပါဘူးဆိုၿပီး ခံျငင္းေနလို႔ ကြၽန္ေတာ္လည္းလႊတ္ထားေပးလိုက္တယ္ "

" အင္း....အဲ့တာေတာ့ မင္းသူငယ္ခ်င္းသေဘာပါေလ ငါကေတာ့ မင္းလည္းလာေမးတာနဲ႕ သိတာေတြေျပာျပထားတာ ဟိုရက္ကေတာင္ ငါအိမ္ေရွ႕ထြက္ထိုင္ေနတုန္း Alexကားထဲကေန ေကာင္မေလးႏွစ္ေယာက္နဲ႕ အတူဆင္းလာတာျမင္ေသးတယ္ ၾကည့္ရတာ အရက္နဲ႕ေဆးအျပင္ မိန္းမပါရႈပ္ေနျပန္ၿပီထင္ပါတယ္ "

Taeraeေျပာလိုက္ေတာ့ Rickyမ်က္ႏွာတစ္ခ်က္ပ်က္သြားရသည္။ မေကာင္းတာမွန္သမွ်အကုန္လုပ္ေနတဲ့ သူတစ္ေယာက္ေၾကာင့္ သူ႕သူငယ္ခ်င္းပါပ်က္စီးသြားမွာကို မလိုလားေခ်။

Jiwoongဟာ ထိုကဲ့သို႔ေသာလူမဟုတ္ဘူးဆိုတာသိေပမဲ့ မေတာ္လို႔မ်ား Alexလိုျဖစ္သြားခဲ့ရင္ Jiwoongအတြက္သာမက Jiwoongႏွင့္Matthewတို႔ၾကားက ဆက္ဆံေရးအတြက္လည္း ဆိုး႐ြားေစနိုင္သည္။

Rickyအေရွ႕မွာထိုင္ေနသည့္ စီနီယာျဖစ္သူ Taeraeကေတာ့ ေခါင္းအသာခါကာ သက္ျပင္းကိုခ်ၿပီး ေကာ္ဖီကိုသာေသာက္ေနေလရဲ႕။

" ငါလည္း ငါ့ညီကိုဘယ္လိုသြန္သင္ဆုံးမရမလဲ မသိေတာ့ပါဘူးကြာ "

ဝမ္းနည္းစြာေျပာလာသည့္ Taeraeအား Ricky ဘယ္လိုႏွစ္သိမ့္ရမယ္မသိ။

" ဒီအတိုင္းလႊတ္ထားလိုက္တာ ပိုေကာင္းပါတယ္ သူလုပ္ထားတဲ့အရာေတြအတြက္ သူ႕ဟာသူခံရလိမ့္မယ္ "

" အင္း မင္းေျပာသလိုပဲေတြးရမွာေပါ့ "

Taeraeရဲ႕ အရင္တစ္ေခါက္က ေျပာျပခ်က္အရ သူႏွင့္ Alexဟာ ညီအစ္ကိုတစ္ဝမ္းကြဲေတာ္သည္။ ငယ္ငယ္ကေတာ့ အေတာ္ေလးကိုရင္းႏွီးခဲ့ၾကတဲ့ ညီအစ္ကိုေတြျဖစ္ခဲ့ေပမဲ့ Taeraeအေဒၚက ေနာက္အိမ္ေထာင္ျပဳလိုက္ၿပီး Alexကို နိုင္ငံျခားပို႔လိုက္ကတည္းက အခုလိုေတြေျပာင္းလဲသြားရသည္ဟု Taeraeေျပာျပခ်က္အရသိရသည္။

Taeraeနဲ႕ Rickyတို႔ စသိပုံကလည္း အထူးအဆန္းေတာ့မဟုတ္ေခ်။ Jiwoongက Alexတို႔အဖြဲ႕နဲ႕ စာအတူတူလုပ္ျဖစ္ၿပီး ေန႕ခင္းထမင္းအတူစားျဖစ္တယ္လို႔ သိရၿပီးကတည္းက Rickyအတန္းထဲကသူ တစ္ခ်ိဳ႕ကို Alexအေၾကာင္းေမးျဖစ္သည္။

Alexက ေက်ာင္းသားအသစ္ျဖစ္ေနတာမလို႔ သူတို႔လည္းေသခ်ာမသိဘူးေျပာေပမဲ့ ဒုတိယႏွစ္မွာ Alexရဲ႕ အစ္ကိုရွိတာမလို႔ သြားေမးရန္ေျပာျပလိုက္ရင္းနဲ႕မွ Taeraeႏွင့္ေတြ႕ရန္ အေၾကာင္းဖန္လာရျခင္းျဖစ္သည္။

သူတို႔ႏွစ္ဦး စသိပုံက အထူးအဆန္းမဟုတ္ေပမဲ့ စေတြ႕ပုံကေတာ့ ရင္ခုန္စရာေကာင္းသည္ဟု ဆိုရမလား။

Alexရဲ႕အစ္ကိုဆိုေတာ့ Alexလိုမ်ိဳး ဂ်စ္ကန္ကန္ပုံစံ ခပ္မိုက္မိုက္ ေက်ာင္းသားဆိုးလိုမ်ိဳးပုံစံဟုသာ Rickyထင္ခဲ့မိတာေတာ့အမွန္ပင္။ ဒါေၾကာင့္သြားေတြ႕ေတာ့ Kim Taeraeရွိလား ဟုေမးၿပီး တစ္ဖက္ေက်ာင္းသူကလွမ္းေခၚသည္ကို ၾကည့္လိုက္သည့္အခါမွာေတာ့ Rickyအာ႐ုံေတြဖမ္းစားခံလိုက္ရပါသည္။

အညိုေရာင္ vestေလးကို အျဖဴေရာင္shirtအေပၚမွာဝတ္ထားၿပီး နို႔ႏွစ္ေရာင္ style pantsေလးကို ျဖဴၿပီးသန့္ေနတဲ့ sneakerေလးနဲ႕ တြဲဖက္ဝတ္ထားသည့္ ထို Kim Taeraeဆိုသည့္ လူသားဟာ အေပၚေအာက္အနက္ေရာင္ဝတ္ထားသည့္သူႏွင့္ ကြဲျပားစြာ ဆြဲေဆာင္မႈရွိေနခဲ့သည္။

ေ႐ႊေရာင္ကိုင္းမ်က္မွန္ေလးကိုအသာပင့္တင္ၿပီး အသံခ်ိဳခ်ိဳေလးနဲ႕ ႏႈတ္ဆက္လာသည့္ အခါမွာေတာ့ Rickyႏွလုံးသားတစ္ခုလုံး လႈပ္ခတ္သြားရပါေတာ့သည္။

အခုအခ်ိန္မွာလည္း သူ႕ေရွ႕မွာ စာကိုအာ႐ုံစိုက္ၿပီးလုပ္ေနသည့္ Taeraeဟာ Rickyကိုေတာင္ရွိေနမွန္းသတိထားမိရဲ႕လားမသိ။ စေတြ႕တုန္းကလို ေ႐ႊေရာင္ကိုင္းမ်က္မွန္ေလးကို ပင့္တင္ၿပီး ေကာ္ဖီကလည္း ေသာက္လိုက္ေသးသည္။

လႈပ္ရွားမႈအေသးစိတ္တိုင္းကိုလိုက္ၾကည့္ေနရသည္မွာလည္း လက္ရာေျမာက္သည့္ပန္းခ်ီကားတစ္ခ်ပ္ကို ရႉစားေနရသည့္အလား။ ဘယ္လိုလုပ္မလဲကြယ္.....ဒီလိုသာRickyအာ႐ုံေတြကိုဖမ္းစားေနရင္ Alexအေၾကာင္းသိခ်င္႐ုံလာေတြ႕ဖို႔တင္မဟုတ္ဘဲ မရွိရွိတဲ့အေၾကာင္းရွာၿပီး ခဏခဏဒီမ်က္ႏွာေလးကို လာရႉစားေနရေတာ့မယ္ထင္ပါတယ္။

__________________________________________

Thanks for reading🌸

Bạn đang đọc truyện trên: TruyenTop.Vip