Part 20
တောက်လျှောက်အဆင်ပြေလာခဲ့တဲ့ ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးဟာ လက်ခံနိုင်စရာမရှိတဲ့အကြောင်းပြချက်တွေကြောင့် ပျက်စီးသွားနိုင်မလား။
Jiwoong ဒီနေ့တော့ Matthewနဲ့အတူ လျှောက်လည်ဖို့စီစဥ်ထားသည်။ ဘယ်ကိုသွားမယ်ရယ်တော့ မဆုံးဖြတ်ရသေးပေမဲ့ နှစ်ယောက်သားတွဲလာတာလည်းကြာပြီ အခုထိ အပြင်ထွက်လည်တာမျိုးမလုပ်ရသေးတာကြောင့် ချိန်းထားခြင်းဖြစ်သည်။
Jiwoongကိုယ်တိုင်Matthewအိမ်ကို သွားခေါ်တော့ အရင်က Yeriနဲ့vlogရိုက်ဖို့ ထွက်မယ်ဆိုတိုင်း Matthewကိုဝင်ခေါ်ရတာတောင် သတိရသွားသလိုလို။
အဲ့တုန်းကအကြောင်းတွေပြန်စဥ်းစားလိုက်ရင် သူMatthewအပေါ် အနိုင်ကျင့်နေမိသလိုမျိုးဖြစ်ခဲ့တာမလို့ အားနာသလို ဝမ်းလည်းနည်းမိသည်။
Matthewမျက်နှာမှာ မလိုက်ချင်တဲ့အရိပ်ယောင်တွေကိုတွေ့ခဲ့ရပေမဲ့ Yeriကvlogမရိုက်ရရင် ရစ်တော့မှာကို တွေးပြီး တစ်ကိုယ်ကောင်းဆန်ကာ Matthewစိတ်တွေကိုလျစ်လျူရှူပြီး အတင်းလိုက်ခိုင်းခဲ့မိသည်။
" Hyung! ဘာတွေတွေးနေတာလဲ မသွားသေးဘူးလား "
မျက်နှာအရှေ့ကိုလက်တစ်ဖက်ရောက်လာကာ အသံကြားလိုက်ရတော့မှ အတွေးကမ္ဘာထဲကနေ Jiwoongပြန်ထွက်လာမိသည်။
" သြော်...အင်း ဘာမှမဟုတ်ပါဘူး ဒီနေ့ဘယ်ကိုသွားရမလဲမစဥ်းစားရသေးလို့ "
" ဒါဆိုကျွန်တော်ရွေးကြည့်မယ် "
Jiwoongခေါင်းငြိမ့်ပြလိုက်သည်။ ဖုန်းကိုဖွင့်ကာ အသေအချာအာရုံစူးစိုက်နေသည့် Matthewက သူတို့နှစ်ယောက်ရဲ့dateလေးကို အလေးအနက်သဘောထားကြောင်းသိသာလှသည်။
" Hyung ကျွန်တော်တို့ Sweet Iceland cafe ကိုသွားကြမလား "
" အဲ့နေရာ ကိုယ်ရောက်ဖူးတယ် အစားသောက်တွေအဆင်မပြေဘူး "
" ဟုတ်လား အသားကင်တို့ဘာတို့သွားစားဖို့ကျတော့လည်း နေ့လည်ပဲရှိသေးတယ် Lotte Worldရော "
" ကိုယ် ခဏခဏသွားဖူးတာကို....တစ်ခြားနေရာပြောင်းပါလား "
" အင်း......ဒါဆိုBingsuသွားစားကြမလား ရာသီဥတုလည်းပူတော့ "
" babyချောင်းဆိုးမယ်လေ တော်ကြာBingsuစားပြီး လည်ချောင်းပါနာလာရင် ဘယ်လိုလုပ်မလဲ "
" ရုပ်ရှင်ရုံသွားမလား ဒါဆို "
" ဇာတ်ကားကratingမကောင်းဘူးတဲ့ "
သူရွေးသမျှကို အမျိုးမျိုးပြောင်းနေသော Jiwoongကြောင့် Matthewဘယ်သွားရမယ်မှန်းမသိတော့ချေ။ ရှိသမျှအကြံတွေလည်းကုန်ပြီမလို့ စိတ်ပျက်လက်ပျက်နှင့်သာ ဖုန်းကို ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်လိုက်သည်။
" Hyungက ဘာလို့ နေရာစုံသွားဖူးနေတာလဲ "
" Yeriနဲ့တွဲတုန်းက သူvlogရိုက်ဖို့ နေရာအမျိုးမျိုးသွားရတယ်လေ နောက်ပိုင်းသွားတုန်းကတောင် babyပါသေးတာပဲ မဟုတ်ဘူးလား "
Jiwoongသူ့ဟာသူ ပြောပြီးမှ စကားမှားသွားမှန်းသိလိုက်ရသည်။ လက်ရှိရည်းစားနဲ့တွဲနေတုန်းမပြောသင့်ဆုံး အကြောင်းအရာက အရင်ရည်းစားအကြောင်းပဲမလား။ ဘယ်လိုပဲMatthewနဲ့ Yeriခင်ခဲ့ပါစေဦးတော့ အခုလိုပြောလိုက်မိတော့ စိတ်ခုသွားမှာတော့အမှန်ပင်။
ဘာသဘောနဲ့ အခုလိုစကားကိုပြောလိုက်မှန်းတော့ Matthewမသိပေမဲ့ အနည်းငယ်စိတ်ကလေးခုသွားမိသည်။ Yeriနဲ့ဘယ်လောက်ပဲ ဘယ်နေရာကိုလည်ထားထား အခုကYeriနဲ့မဟုတ်တော့ဘူးလေ။
သူနဲ့ဆို ဘယ်နေရာမှမသွားချင်တာများလားဟု Matthewသံသယဝင်မိသည်။ ဒါကြောင့် တွဲခါစတုန်းကတောင် အပြင်ထွက်လည်ဖို့တစ်ခေါက်ပြောဖူးတာ အပြင်တွေမထွက်ချင်တော့ဘူး ဟုပြန်ဖြေသည်ကိုတောင် သတိရသွားသည်။
အဲ့အချိန်တုန်းက Jiwoongပြောတဲ့ အပြင်တွေမထွက်ချင်တော့ဘူး ဆိုတာ Yeriနဲ့ခဏခဏထွက်နေရတော့ ဒီအတိုင်းပဲနေချင်တော့တာများလား။
ခဏတာ တိတ်ဆိတ်သွားသည့်လေထုကို Jiwoongက ပြန်ဖြိုခွဲလိုက်သည်။
" ဟို....ကိုယ်စကားပြောမှားသွားတယ် sorry babe "
ဆိုကာ Matthewပေါင်ပေါ်မှ လက်ကလေးကိုအသာဆွဲယူကာ ညှင်ညှင်သာသာလေး နမ်းရှုံ့လိုက်သည်။ ထို့နောက်သူ့ပါးမှာအပ်ရင်း
" baby bingsuစားချင်တာမလား ကိုယ်လိုက်ကျွေးမယ်လေ နော် ရုပ်ကအဲ့လိုကြီးမလုပ်နဲ့တော့ "
"ကျွန်တော့်ရုပ်ကဘာဖြစ်တာမလို့လဲ ဒီအတိုင်းပဲဘယ်နေရာလည်ရမလဲ ဆက်စဥ်းစားနေတာကို "
" ဟုတ်ပါပြီ ဒါဆို Bingsuပဲစားမလား ဘယ်သွားမလဲ "
" အင်း အဲ့ကိုပဲသွားမယ် ပြီးတော့ ပန်းခြံတစ်ခုခုမှာ အတူလမ်းလျှောက်ချင်သေးတယ် "
" okပါဗျာ ဒါဆို သွားကြမယ် "
ဆိုကာ Matthewပါးမှာအပ်ထားသည့် Matthewလက်ကို ယှက်ကာဆုပ်ကိုင်လိုက်သည်။
" အာ...sorry ကိုယ်အကျင့်ပါသွားလို့ Matthewနေရခက်ရင် ပြန်လွှတ်ပေးမယ် "
Matthewဘာမှပြန်မပြောဘဲ အပြုံးလေးနှင့်သာခေါင်းငြိမ့်လိုက်သည်။ တစ်ကယ်တော့ ခေါင်းထဲမှာ ရောက်လာသည့်မေးခွန်းတစ်ခုက
" အဲ့ဒီ့အကျင့်က Yeri noonaကြောင့်ဖြစ်လာတာမလား "
____________________
မဆိုင်တာတွေထပ်ပြီးတွေးနေရင် စိတ်ပင်ပန်းရုံပဲရှိမှာမလို့ Matthewဘာမှလျှောက်မတွေးတော့ရန်သာ ဆုံးဖြတ်လိုက်သည်။ အခုJiwoongက သူ့ချစ်သူ။ Yeriနဲ့ကလည်း ပြီးပြတ်ခဲ့ပြီ။
ကားမောင်းနေတဲ့ Jiwoongဘက်ကို အသာလှည့်ကြည့်လိုက်ပြီး Matthewခပ်ရေးရေးလေးပြုံးလိုက်မိသည်။
သူဘယ်လောက်ထိ Jiwoongကိုချစ်လဲဆိုတာ သူ့ကိုယ်သူသိပြီးသားမလို့ မလိုအပ်သည့်အတွေးတို့ကိုဖယ်ထုတ်လိုက်သည်။
Matthewစားချင်သည့် Bingsuရောင်းသည့် ဆိုင်ကောင်းကောင်းကို လိုက်ပို့ပေးပြီး Jiwoongကတော့ အအေးတစ်ခွက်သာမှာကာ အတူတစ်နေရာမှာ ထိုင်လိုက်ကြသည်။
" ဒီဆိုင်ကို သိပ်တောင်မသိသလိုပဲ "
" အင်း ကိုယ်လည်း google mapမှာ တွေ့တဲ့အတိုင်းလာလိုက်တာ စားကောင်းဖို့တော့မျှော်လင့်ပါတယ် "
" စားကောင်းမှာပါ ဆိုင်အပြင်ဆင်လေးကလည်း ချစ်စရာလေး "
" အပြင်အဆင်တစ်ခုတည်းတော့မကြည့်နဲ့ပေါ့ စားလို့လည်းကောင်းဦးမှ လာရတာတန်တယ်လေ "
" ဟုတ်ကဲ့ပါ အစ်ကိုကြီးရယ် "
ဒီလိုနဲ့သူတို့လည်းအတူစားသောက်နေကြတုန်း အနီးနားကနေ ခေါ်သံတစ်ခုကထွက်ပေါ်လာသည်။
" Matthew...? "
သူ့နာမည်ခေါ်သံကြားလို့လှည့်ကြည့်တော့ ထိုလူကို မြင်ဖူးသလိုတော့ရှိနေသည်။ ဦးနှောက်ကိုပြန်လည်အလုပ်ပေးလိုက်တော့မှ
" သြော်....Min Hyung! "
" အမယ်....အစ်ကို့ကိုမှတ်မိသားပဲ မမှတ်မိလောက်ဘူးထင်နေတာ "
တစ်ဖက်မှ Jiwoongကလည်း နာမည်ကြားတော့မှ ဟိုတစ်ခါ Slice of Italyဆိုင်မှာ တွေ့ခဲ့သည့် waiterကောင်လေးမှန်း မှတ်မိတော့သည်။ မှတ်မိဆို အဲ့နေ့ကပဲသူတို့နှစ်ဦး စကားများကြပြီး Matthewက ဖွင့်ပြောလာတာမလား။
" အစ်ကို ဒီမှာ လာစားတာလား "
" ဟုတ်တယ် Bingsu မစားရတာကြာလို့လေ "
" ကျွန်တော်လည်းအတူတူပဲ "
သို့နှင့် သူတို့နှစ်ဦး နှုတ်ဆက်ကြပြီး Minက Jiwoongကိုသတိထားမိသွားသည်။
" Matthewအစ်ကိုနဲ့လာစားတာလား "
ထိုမေးခွန်းကို Matthewမဖြေမှီ Jiwoongက ဖြေလိုက်သည်။
" အစ်ကိုမဟုတ်ဘူး Matthewရဲ့ချစ်သူ "
Minရဲ့မျက်နှာမှာ အနည်းငယ် အံ့သြမှုအရိပ်ယောင်လေးဖြတ်သန်းသွားသည်ကို Jiwoongသတိထားမိလိုက်သည်။
" ဟိုတစ်ခါက ဆိုင်ကိုလာစားတုန်းက ကောင်မလေးနဲ့မဟုတ်ဘူးလား "
သူ့ကိစ္စလည်းမဟုတ်ပါဘဲ ဝင်စပ်စုနေသော ထိုကပြားကောင်အား Jiwoongကြည့်မရတော့ပါ။
" အဲ့တာအရင်က အခုMatthewက ငါ့ချစ်သူ ဒါကငါတို့ကိစ္စလေ မင်းက ဘာတွေစိတ်ဝင်စားနေတာလဲ "
အနည်းငယ် လေသံမာလာသည့် Jiwoongကြောင့် Matthewက ကြားထဲမှ ဖျန်ဖြေရတော့သည်။
" ဟို.....Hyungကလည်း Min Hyungကမသိလို့ပြောမိတာကို အဲ့လိုကြီး သူများကိုတော့မပြောနဲ့လေ "
ထိုအခါ Minက
" ရပါတယ် အစ်ကိုကလည်း မေးမိတာမှားတာပါ ဒါနဲ့...အခုထပ်တွေ့ရတာဆိုတော့ တွေ့တုန်းလေး Matthewကို Bingsu ဝယ်ကျွေးမယ်လေ "
" အာ...ရပါတယ် Hyungကလည်း အားနာ- "
" မလိုဘူး! သူ့ချစ်သူ ငါတစ်ယောက်လုံးပါနေတာကို မင်းဝယ်ကျွေးစရာလည်းမလိုဘူး ကိုယ့်ဟာကိုအေးဆေးစားပြီး လစ်တော့! "
တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် သူ့အပေါ်လေသံမာလာသည့် Jiwoongကို Minလည်း စိတ်တိုလာသည့်ဟန်။
" ဒီမှာ! မင်းကိုပြောနေတာလည်းမဟုတ်ဘူး ငါ့ဘာသာငါ ရိုးရိုးသားသားMatthewကို ဝယ်ကျွေးဖို့မေးတာလေ "
Jiwoongက မတ်တတ်ထရပ်လိုက်ကာ သူနဲ့အရပ်မတိမ်းမယိမ်းဖြစ်သည့် Minကို ကြည့်လိုက်သည်။
" မင်းဟာက ရိုးသားလား မရိုးသားလား ငါသိတယ်! ချစ်သူတစ်ယောက်လုံးပါနေတယ်ဆိုတာတောင် ဒီအတိုင်းအေးဆေးနှုတ်ဆက်ပြီးပြန်ပါ့လား ဟမ်! "
" မင်းက မြွေမြွေချင်းတော့ ခြေမြင်တတ်သားပဲ "
ခနဲ့သလိုပြောလိုက်သည့် Minရဲ့ စကားကြောင့် Jiwoongဒေါသ ထောင်းခနဲထွက်သွားသည်။ ဒါကြောင့် ဒေါသရဲ့အကျိုးဆက်အနေနဲ့ Jiwoongရဲ့ လက်တို့ဟာ Minအင်္ကျီရဲ့ ကော်လံစပေါ် ရုတ်ချည်းရောက်သွားတော့သည်။
ပြင်းထန်လာသည့်အခြေအနေဖြစ်တာမလို့ Matthewကပါ ထရပ်ကာ
" Hyung တော်ပြီ! ဆိုင်ထဲမှာ သူများတွေလည်းရှိနေတာကို Min Hyungလည်းသွားလိုက်ပါတော့ Hyungအတွက်လည်း ကျွန်တော်ကပဲတောင်းပန်ပါတယ်ဗျာ "
................
စလာလာချင်း ကားပေါ်မှာ တွေးခဲ့သည်ကတော့ Jiwoongနဲ့အတူတူ မုန့်စားပြီး အနီးနားကပန်းခြံလေးမှာ လမ်းလျှောက်ထွက်ရင်း စကားတွေပြောကြမည်ဆိုသည့် စိတ်ကူးလေးပင်။
သို့ပေမဲ့ မမြင်ရသည့် ကံကြမ္မာကြောင့် Jiwoongနဲ့အတူ မုန့်လည်းစားလာပါရဲ့ အခုပန်းခြံမှာလည်းအတူလမ်းလျှောက်နေပါရဲ့။ ပျော်ပျော်ရွှင်ရွှင်မဟုတ်တော့တာလေးတစ်ခုတော့ Matthewစိတ်ကူးခဲ့သည့်ထဲတွင်း မပါဝင်ချေ။
ဆိုင်မှာ Min ဆိုသည့်ကောင်လေးနဲ့ ရန်ထဖြစ်တော့မလို့ဖြစ်ခဲ့တာမလို့ Jiwoongမျက်ခုံးများဟာ ထိလုမတတ် တွန့်ချိုးနေသလို ဘေးမှ Matthewကလည်း ဘာစကားမှပင်မပြောရဲတော့ဘဲ ငြိမ်ငြိမ်လေးနေနေရ ရှာသည်။ မဟုတ်လျှင် Jiwoongနှင့် စကားများမိလိမ့်မည်။
လမ်းအတူလျှောက်လာသည်မှာ မိနစ်ပိုင်းလောက်တော့ရှိပေမဲ့ ဘာစကားမှတော့ခုထိ မပြောကြသေးချေ။ သို့ပင်မဲ့တစ်နေရာအရောက်မှာတော့ Jiwoongကရပ်လိုက်ပြီး Matthewဘက်လှည့်ကာ မေးလာသည်။
" စောနက ကိုယ်လွန်သွားတယ်လို့ထင်နေတာလား "
"ဗျာ! အဲ့လိုတော့မဟုတ်ပေမဲ့ သူများအပေါ် လက်ပါတာကျ..... "
" အဲ့တော့ ကိုယ်မှားတယ်လို့ပြောချင်တာပေါ့ "
စကားကိုစတင်ပြီး အကန်တွေပြောလာပြီမလို့ Jiwoong သူ့ကိုစိတ်ဆိုးတော့မည်ဆိုတာ Matthewသိလိုက်သည်။
" ကျွန်တော် ပြောချင်တာအဲ့လိုမဟုတ်ဘူးလေ Hyung...Min Hyungကလည်း နည်းနည်းစကားပြောတာလွန်သွားပေမဲ့ ကျွန်တော်တို့ကအဲ့လောက်မှ မရင်းနှီးသေးတာ ကောင်းကောင်းမွန်မွန်ပြောလည်းရတာကို လက်ပါစရာမှမလိုတာ "
" ကိုယ်အစကတည်းက ကောင်းကောင်းမွန်မွန်ပြောနေတာပဲလေ မြန်မြန်ထွက်သွားဖို့ပြောတာသူမှ နားမထောင်ဘဲ စကားကိုဆက်ပြောတာလေ ဆိုင်ထဲမှာဖြစ်နေလို့ မဟုတ်ရင် မျက်ခွက်တစ်ခုလုံး စုတ်သွားအောင်ထိုးပစ်ခဲ့မိမှာ "
" ဟော....Hyungကလေ အဲ့လိုမလိုအပ်ဘဲနဲ့ ဒေါသကိုရှေ့တန်းတင်နေတာကိုကမှားနေတာ Hyung သူ့ကိုသဘောမကျနေဘူးဆိုတာလည်းသိတယ် အခုက ကျွန်တော့်ကိုပဲမေးလိုက်တဲ့ဟာကို Hyungက ဒေါသနဲ့သွားဖြေတာကိုး "
" အဲ့တာဆို မင်းကိုမေးတဲ့မေးခွန်းကို ငါကဖြေမိလိုက်လို့ ငါမှားတာပေါ့ ဟုတ်လား Matthew! "
Jiwoongက စိတ်ပျက်သွားသည့်နှယ် သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး
" မင်းနဲ့ငါနဲ့က တွဲနေကြတာမဟုတ်ဘူးလား အဲ့တော့ မင်းကိုစည်းကျော်တဲ့မေးခွန်းတွေမေးလာတာကို ငါကဝင်မဖြေရတော့ဘူးလား!! "
Matthewတစ်ယောက် ပြန်ပြောဖို့ပင်အားကိုမနည်းယူနေရသည်။ စလမ်းလျှောက်ကတည်းက စကားမပြောဘူးဆိုတာ အခုလိုတွေ မလိုအပ်ဘဲ စကားများမှာကို စိုးသည့်အတွက်ကြောင့်ပင်။
" တော်ပြီ Hyung! ကျွန်တော်တို့ရှားရှားပါးပါးအပြင်ထွက်dateတဲ့နေ့မှာ ရန်မဖြစ်ချင်ဘူး "
" အဲ့လိုရန်ဖြစ်အောင်လုပ်တာရော ဘယ်သူမလို့လဲ အစကတည်းက ဝတ်ကျေတန်းကျေနှုတ်ဆက်ပြီးရင်ရနေပြီကို "
ထပ်ပြောမိရင် ပိုဆိုးလာရုံအပြင်မရှိတာမလို့ Matthewကပဲအလျှော့ပေးရတော့မည်။
" ဟုတ်ပါတယ် ကျွန်တော်စကားစမဖြတ်မိလိုက်တာမှားသွားတာပါ အဲ့တာကြောင့်မလို့ တော်ပါတော့ Hyungရယ် ကျွန်တော်တို့ပြန်ကြရအောင် "
" စကားကို ပေါ့ပျက်ပျက်မပြောနဲ့ Seok Matthew! "
နာမည်အပြည့်အစုံခေါ်လာသည်မလို့ Matthewရင်တွေပါတုန်လာရတော့သည်။ သူမလိုချင်ဆုံးအရာက Jiwoongသူ့အပေါ် စိတ်ဆိုးပြီး ငြိုငြင်မှာကိုဖြစ်သည်။
" ကျွန်တော်မပြောရပါဘူး Hyungရယ် ဒီအတိုင်းပဲ....ပြန်ကြရအောင် "
အချိန်အားဖြင့်လည်း ညနေ နေဝင်ရီတရောဖြစ်နေပြီမလို့ ကောင်းကင်ကြီးမှာလည်း စတင်မှောင်မည်းလာလေသည်။ Matthewလည်း စိတ်ပင်ပန်းလာပြီမလို့ ဒီအတိုင်းလေး အိမ်ပြန်နားလိုက်ချင်တော့သည်။
" ဒါဆိုလည်း ပြန်တော့ ကိုယ်မင်းကိုလိုက်မပို့တော့ဘူး သွားစရာရှိသေးတယ် "
မဆိုစလောက်စကားတစ်ခွန်းကို ပြောကာ Matthewကို ထိုပန်းခြံထဲတွင်ထားခဲ့ပြီး ထွက်သွားလိုက်သည့် Jiwoong။
ထွက်သွားသည့် ချစ်သူလေးရဲ့ကျောပြင်ကိုကြည့်ကာ Matthew စိတ်အားငယ်မိသလို ဝမ်းလည်းနည်းမိပါသည်။ Jiwoongက သူ့အပေါ်စိမ်းကာစွာ ဆက်ဆံသွားသည်ကို သူမနေတတ်ချေ။
ဒါကြောင့် Jiwoongစိတ်ဆိုးမည့် ကိစ္စမျိုး Matthewဘယ်သောအခါမှ မလုပ်ဖြစ်ခဲ့ချေ။
" ဒီကိစ္စလေးအတွက်နဲ့ ကျွန်တော့်ကိုထားခဲ့ရက်တယ်နော်..."
ဖြစ်သွားသည့် ကိစ္စကိုသေချာပြန်စဥ်းစားကြည့်ရင် အခုလိုစကားများ ရန်ဖြစ်ရလောက်တဲ့အထိ ဆိုးရွားတာလည်းမဟုတ်။
Minကလည်း Matthewကိုခင်မင်သည့်သဘောဖြင့် မုန့်ဝယ်ကျွေးရန်ပြောလိုက်ခြင်းသာ။ ချစ်သူတစ်ယောက်လုံးကိုရှေ့မှာထားပြီး ရည်းစားစကားပြောနေတာလည်းမဟုတ်သည်ကို Jiwoongကဘာကြောင့်များ အခုလိုတွေစိတ်ဆိုးသွားရလဲ Matthewမစဥ်းစားတတ်တော့ချေ။
သက်ပြင်းတစ်ခုကိုသာ ချကာ အိမ်ကို ကိုယ့်ဘာသာကိုပြန်ရန်ဆုံးဖြတ်လိုက်တော့သည်။
တစ်ဖက်မှာတော့ အိမ်ကိုမပြန်သေးသည့် ကားပေါ်မှ Jiwoongက ဖုန်းထုတ်ကာနံပါတ်တစ်ခုကို ဆက်လိုက်သည်။
" Hello Alex! ငါဒီညလာခဲ့မယ် "
__________________________________________
Thanks for reading 🌸
Zawgyi ver.
ေတာက္ေလွ်ာက္အဆင္ေျပလာခဲ့တဲ့ ခ်စ္သူႏွစ္ဦးၾကားက ဆက္ဆံေရးဟာ လက္ခံနိုင္စရာမရွိတဲ့အေၾကာင္းျပခ်က္ေတြေၾကာင့္ ပ်က္စီးသြားနိုင္မလား။
Jiwoong ဒီေန႕ေတာ့ Matthewနဲ႕အတူ ေလွ်ာက္လည္ဖို႔စီစဥ္ထားသည္။ ဘယ္ကိုသြားမယ္ရယ္ေတာ့ မဆုံးျဖတ္ရေသးေပမဲ့ ႏွစ္ေယာက္သားတြဲလာတာလည္းၾကာၿပီ အခုထိ အျပင္ထြက္လည္တာမ်ိဳးမလုပ္ရေသးတာေၾကာင့္ ခ်ိန္းထားျခင္းျဖစ္သည္။
Jiwoongကိုယ္တိုင္Matthewအိမ္ကို သြားေခၚေတာ့ အရင္က Yeriနဲ႕vlogရိုက္ဖို႔ ထြက္မယ္ဆိုတိုင္း Matthewကိုဝင္ေခၚရတာေတာင္ သတိရသြားသလိုလို။
အဲ့တုန္းကအေၾကာင္းေတြျပန္စဥ္းစားလိုက္ရင္ သူMatthewအေပၚ အနိုင္က်င့္ေနမိသလိုမ်ိဳးျဖစ္ခဲ့တာမလို႔ အားနာသလို ဝမ္းလည္းနည္းမိသည္။
Matthewမ်က္ႏွာမွာ မလိုက္ခ်င္တဲ့အရိပ္ေယာင္ေတြကိုေတြ႕ခဲ့ရေပမဲ့ Yeriကvlogမရိုက္ရရင္ ရစ္ေတာ့မွာကို ေတြးၿပီး တစ္ကိုယ္ေကာင္းဆန္ကာ Matthewစိတ္ေတြကိုလ်စ္လ်ဴရႉၿပီး အတင္းလိုက္ခိုင္းခဲ့မိသည္။
" Hyung! ဘာေတြေတြးေနတာလဲ မသြားေသးဘူးလား "
မ်က္ႏွာအေရွ႕ကိုလက္တစ္ဖက္ေရာက္လာကာ အသံၾကားလိုက္ရေတာ့မွ အေတြးကမၻာထဲကေန Jiwoongျပန္ထြက္လာမိသည္။
" ေၾသာ္...အင္း ဘာမွမဟုတ္ပါဘူး ဒီေန႕ဘယ္ကိုသြားရမလဲမစဥ္းစားရေသးလို႔ "
" ဒါဆိုကြၽန္ေတာ္ေ႐ြးၾကည့္မယ္ "
Jiwoongေခါင္းၿငိမ့္ျပလိုက္သည္။ ဖုန္းကိုဖြင့္ကာ အေသအခ်ာအာ႐ုံစူးစိုက္ေနသည့္ Matthewက သူတို႔ႏွစ္ေယာက္ရဲ႕dateေလးကို အေလးအနက္သေဘာထားေၾကာင္းသိသာလွသည္။
" Hyung ကြၽန္ေတာ္တို႔ Sweet Iceland cafe ကိုသြားၾကမလား "
" အဲ့ေနရာ ကိုယ္ေရာက္ဖူးတယ္ အစားေသာက္ေတြအဆင္မေျပဘူး "
" ဟုတ္လား အသားကင္တို႔ဘာတို႔သြားစားဖို႔က်ေတာ့လည္း ေန႕လည္ပဲရွိေသးတယ္ Lotte Worldေရာ "
" ကိုယ္ ခဏခဏသြားဖူးတာကို....တစ္ျခားေနရာေျပာင္းပါလား "
" အင္း......ဒါဆိုBingsuသြားစားၾကမလား ရာသီဥတုလည္းပူေတာ့ "
" babyေခ်ာင္းဆိုးမယ္ေလ ေတာ္ၾကာBingsuစားၿပီး လည္ေခ်ာင္းပါနာလာရင္ ဘယ္လိုလုပ္မလဲ "
" ႐ုပ္ရွင္႐ုံသြားမလား ဒါဆို "
" ဇာတ္ကားကratingမေကာင္းဘူးတဲ့ "
သူေ႐ြးသမွ်ကို အမ်ိဳးမ်ိဳးေျပာင္းေနေသာ Jiwoongေၾကာင့္ Matthewဘယ္သြားရမယ္မွန္းမသိေတာ့ေခ်။ ရွိသမွ်အႀကံေတြလည္းကုန္ၿပီမလို႔ စိတ္ပ်က္လက္ပ်က္ႏွင့္သာ ဖုန္းကို ေဘာင္းဘီအိတ္ကပ္ထဲထိုးထည့္လိုက္သည္။
" Hyungက ဘာလို႔ ေနရာစုံသြားဖူးေနတာလဲ "
" Yeriနဲ႕တြဲတုန္းက သူvlogရိုက္ဖို႔ ေနရာအမ်ိဳးမ်ိဳးသြားရတယ္ေလ ေနာက္ပိုင္းသြားတုန္းကေတာင္ babyပါေသးတာပဲ မဟုတ္ဘူးလား "
Jiwoongသူ႕ဟာသူ ေျပာၿပီးမွ စကားမွားသြားမွန္းသိလိုက္ရသည္။ လက္ရွိရည္းစားနဲ႕တြဲေနတုန္းမေျပာသင့္ဆုံး အေၾကာင္းအရာက အရင္ရည္းစားအေၾကာင္းပဲမလား။ ဘယ္လိုပဲMatthewနဲ႕ Yeriခင္ခဲ့ပါေစဦးေတာ့ အခုလိုေျပာလိုက္မိေတာ့ စိတ္ခုသြားမွာေတာ့အမွန္ပင္။
ဘာသေဘာနဲ႕ အခုလိုစကားကိုေျပာလိုက္မွန္းေတာ့ Matthewမသိေပမဲ့ အနည္းငယ္စိတ္ကေလးခုသြားမိသည္။ Yeriနဲ႕ဘယ္ေလာက္ပဲ ဘယ္ေနရာကိုလည္ထားထား အခုကYeriနဲ႕မဟုတ္ေတာ့ဘူးေလ။
သူနဲ႕ဆို ဘယ္ေနရာမွမသြားခ်င္တာမ်ားလားဟု Matthewသံသယဝင္မိသည္။ ဒါေၾကာင့္ တြဲခါစတုန္းကေတာင္ အျပင္ထြက္လည္ဖို႔တစ္ေခါက္ေျပာဖူးတာ အျပင္ေတြမထြက္ခ်င္ေတာ့ဘူး ဟုျပန္ေျဖသည္ကိုေတာင္ သတိရသြားသည္။
အဲ့အခ်ိန္တုန္းက Jiwoongေျပာတဲ့ အျပင္ေတြမထြက္ခ်င္ေတာ့ဘူး ဆိုတာ Yeriနဲ႕ခဏခဏထြက္ေနရေတာ့ ဒီအတိုင္းပဲေနခ်င္ေတာ့တာမ်ားလား။
ခဏတာ တိတ္ဆိတ္သြားသည့္ေလထုကို Jiwoongက ျပန္ၿဖိဳခြဲလိုက္သည္။
" ဟို....ကိုယ္စကားေျပာမွားသြားတယ္ sorry babe "
ဆိုကာ Matthewေပါင္ေပၚမွ လက္ကေလးကိုအသာဆြဲယူကာ ညွင္ညွင္သာသာေလး နမ္းရႈံ႕လိုက္သည္။ ထို႔ေနာက္သူ႕ပါးမွာအပ္ရင္း
" baby bingsuစားခ်င္တာမလား ကိုယ္လိုက္ေကြၽးမယ္ေလ ေနာ္ ႐ုပ္ကအဲ့လိုႀကီးမလုပ္နဲ႕ေတာ့ "
"ကြၽန္ေတာ့္႐ုပ္ကဘာျဖစ္တာမလို႔လဲ ဒီအတိုင္းပဲဘယ္ေနရာလည္ရမလဲ ဆက္စဥ္းစားေနတာကို "
" ဟုတ္ပါၿပီ ဒါဆို Bingsuပဲစားမလား ဘယ္သြားမလဲ "
" အင္း အဲ့ကိုပဲသြားမယ္ ၿပီးေတာ့ ပန္းၿခံတစ္ခုခုမွာ အတူလမ္းေလွ်ာက္ခ်င္ေသးတယ္ "
" okပါဗ်ာ ဒါဆို သြားၾကမယ္ "
ဆိုကာ Matthewပါးမွာအပ္ထားသည့္ Matthewလက္ကို ယွက္ကာဆုပ္ကိုင္လိုက္သည္။
" အာ...sorry ကိုယ္အက်င့္ပါသြားလို႔ Matthewေနရခက္ရင္ ျပန္လႊတ္ေပးမယ္ "
Matthewဘာမွျပန္မေျပာဘဲ အၿပဳံးေလးႏွင့္သာေခါင္းၿငိမ့္လိုက္သည္။ တစ္ကယ္ေတာ့ ေခါင္းထဲမွာ ေရာက္လာသည့္ေမးခြန္းတစ္ခုက
" အဲ့ဒီ့အက်င့္က Yeri noonaေၾကာင့္ျဖစ္လာတာမလား "
____________________
မဆိုင္တာေတြထပ္ၿပီးေတြးေနရင္ စိတ္ပင္ပန္း႐ုံပဲရွိမွာမလို႔ Matthewဘာမွေလွ်ာက္မေတြးေတာ့ရန္သာ ဆုံးျဖတ္လိုက္သည္။ အခုJiwoongက သူ႕ခ်စ္သူ။ Yeriနဲ႕ကလည္း ၿပီးျပတ္ခဲ့ၿပီ။
ကားေမာင္းေနတဲ့ Jiwoongဘက္ကို အသာလွည့္ၾကည့္လိုက္ၿပီး Matthewခပ္ေရးေရးေလးၿပဳံးလိုက္မိသည္။
သူဘယ္ေလာက္ထိ Jiwoongကိုခ်စ္လဲဆိုတာ သူ႕ကိုယ္သူသိၿပီးသားမလို႔ မလိုအပ္သည့္အေတြးတို႔ကိုဖယ္ထုတ္လိုက္သည္။
Matthewစားခ်င္သည့္ Bingsuေရာင္းသည့္ ဆိုင္ေကာင္းေကာင္းကို လိုက္ပို႔ေပးၿပီး Jiwoongကေတာ့ အေအးတစ္ခြက္သာမွာကာ အတူတစ္ေနရာမွာ ထိုင္လိုက္ၾကသည္။
" ဒီဆိုင္ကို သိပ္ေတာင္မသိသလိုပဲ "
" အင္း ကိုယ္လည္း google mapမွာ ေတြ႕တဲ့အတိုင္းလာလိုက္တာ စားေကာင္းဖို႔ေတာ့ေမွ်ာ္လင့္ပါတယ္ "
" စားေကာင္းမွာပါ ဆိုင္အျပင္ဆင္ေလးကလည္း ခ်စ္စရာေလး "
" အျပင္အဆင္တစ္ခုတည္းေတာ့မၾကည့္နဲ႕ေပါ့ စားလို႔လည္းေကာင္းဦးမွ လာရတာတန္တယ္ေလ "
" ဟုတ္ကဲ့ပါ အစ္ကိုႀကီးရယ္ "
ဒီလိုနဲ႕သူတို႔လည္းအတူစားေသာက္ေနၾကတုန္း အနီးနားကေန ေခၚသံတစ္ခုကထြက္ေပၚလာသည္။
" Matthew...? "
သူ႕နာမည္ေခၚသံၾကားလို႔လွည့္ၾကည့္ေတာ့ ထိုလူကို ျမင္ဖူးသလိုေတာ့ရွိေနသည္။ ဦးႏွောက္ကိုျပန္လည္အလုပ္ေပးလိုက္ေတာ့မွ
" ေၾသာ္....Min Hyung! "
" အမယ္....အစ္ကို႔ကိုမွတ္မိသားပဲ မမွတ္မိေလာက္ဘူးထင္ေနတာ "
တစ္ဖက္မွ Jiwoongကလည္း နာမည္ၾကားေတာ့မွ ဟိုတစ္ခါ Slice of Italyဆိုင္မွာ ေတြ႕ခဲ့သည့္ waiterေကာင္ေလးမွန္း မွတ္မိေတာ့သည္။ မွတ္မိဆို အဲ့ေန႕ကပဲသူတို႔ႏွစ္ဦး စကားမ်ားၾကၿပီး Matthewက ဖြင့္ေျပာလာတာမလား။
" အစ္ကို ဒီမွာ လာစားတာလား "
" ဟုတ္တယ္ Bingsu မစားရတာၾကာလို႔ေလ "
" ကြၽန္ေတာ္လည္းအတူတူပဲ "
သို႔ႏွင့္ သူတို႔ႏွစ္ဦး ႏႈတ္ဆက္ၾကၿပီး Minက Jiwoongကိုသတိထားမိသြားသည္။
" Matthewအစ္ကိုနဲ႕လာစားတာလား "
ထိုေမးခြန္းကို Matthewမေျဖမွီ Jiwoongက ေျဖလိုက္သည္။
" အစ္ကိုမဟုတ္ဘူး Matthewရဲ႕ခ်စ္သူ "
Minရဲ႕မ်က္ႏွာမွာ အနည္းငယ္ အံ့ၾသမႈအရိပ္ေယာင္ေလးျဖတ္သန္းသြားသည္ကို Jiwoongသတိထားမိလိုက္သည္။
" ဟိုတစ္ခါက ဆိုင္ကိုလာစားတုန္းက ေကာင္မေလးနဲ႕မဟုတ္ဘူးလား "
သူ႕ကိစၥလည္းမဟုတ္ပါဘဲ ဝင္စပ္စုေနေသာ ထိုကျပားေကာင္အား Jiwoongၾကည့္မရေတာ့ပါ။
" အဲ့တာအရင္က အခုMatthewက ငါ့ခ်စ္သူ ဒါကငါတို႔ကိစၥေလ မင္းက ဘာေတြစိတ္ဝင္စားေနတာလဲ "
အနည္းငယ္ ေလသံမာလာသည့္ Jiwoongေၾကာင့္ Matthewက ၾကားထဲမွ ဖ်န္ေျဖရေတာ့သည္။
" ဟို.....Hyungကလည္း Min Hyungကမသိလို႔ေျပာမိတာကို အဲ့လိုႀကီး သူမ်ားကိုေတာ့မေျပာနဲ႕ေလ "
ထိုအခါ Minက
" ရပါတယ္ အစ္ကိုကလည္း ေမးမိတာမွားတာပါ ဒါနဲ႕...အခုထပ္ေတြ႕ရတာဆိုေတာ့ ေတြ႕တုန္းေလး Matthewကို Bingsu ဝယ္ေကြၽးမယ္ေလ "
" အာ...ရပါတယ္ Hyungကလည္း အားနာ- "
" မလိုဘူး! သူ႕ခ်စ္သူ ငါတစ္ေယာက္လုံးပါေနတာကို မင္းဝယ္ေကြၽးစရာလည္းမလိုဘူး ကိုယ့္ဟာကိုေအးေဆးစားၿပီး လစ္ေတာ့! "
တစ္ခါလည္းမဟုတ္ ႏွစ္ခါလည္းမဟုတ္ သူ႕အေပၚေလသံမာလာသည့္ Jiwoongကို Minလည္း စိတ္တိုလာသည့္ဟန္။
" ဒီမွာ! မင္းကိုေျပာေနတာလည္းမဟုတ္ဘူး ငါ့ဘာသာငါ ရိုးရိုးသားသားMatthewကို ဝယ္ေကြၽးဖို႔ေမးတာေလ "
Jiwoongက မတ္တတ္ထရပ္လိုက္ကာ သူနဲ႕အရပ္မတိမ္းမယိမ္းျဖစ္သည့္ Minကို ၾကည့္လိုက္သည္။
" မင္းဟာက ရိုးသားလား မရိုးသားလား ငါသိတယ္! ခ်စ္သူတစ္ေယာက္လုံးပါေနတယ္ဆိုတာေတာင္ ဒီအတိုင္းေအးေဆးႏႈတ္ဆက္ၿပီးျပန္ပါ့လား ဟမ္! "
" မင္းက ေႁမြေႁမြခ်င္းေတာ့ ေျချမင္တတ္သားပဲ "
ခနဲ႕သလိုေျပာလိုက္သည့္ Minရဲ႕ စကားေၾကာင့္ Jiwoongေဒါသ ေထာင္းခနဲထြက္သြားသည္။ ဒါေၾကာင့္ ေဒါသရဲ႕အက်ိဳးဆက္အေနနဲ႕ Jiwoongရဲ႕ လက္တို႔ဟာ Minအကၤ်ီရဲ႕ ေကာ္လံစေပၚ ႐ုတ္ခ်ည္းေရာက္သြားေတာ့သည္။
ျပင္းထန္လာသည့္အေျခအေနျဖစ္တာမလို႔ Matthewကပါ ထရပ္ကာ
" Hyung ေတာ္ၿပီ! ဆိုင္ထဲမွာ သူမ်ားေတြလည္းရွိေနတာကို Min Hyungလည္းသြားလိုက္ပါေတာ့ Hyungအတြက္လည္း ကြၽန္ေတာ္ကပဲေတာင္းပန္ပါတယ္ဗ်ာ "
................
စလာလာခ်င္း ကားေပၚမွာ ေတြးခဲ့သည္ကေတာ့ Jiwoongနဲ႕အတူတူ မုန့္စားၿပီး အနီးနားကပန္းၿခံေလးမွာ လမ္းေလွ်ာက္ထြက္ရင္း စကားေတြေျပာၾကမည္ဆိုသည့္ စိတ္ကူးေလးပင္။
သို႔ေပမဲ့ မျမင္ရသည့္ ကံၾကမၼာေၾကာင့္ Jiwoongနဲ႕အတူ မုန့္လည္းစားလာပါရဲ႕ အခုပန္းၿခံမွာလည္းအတူလမ္းေလွ်ာက္ေနပါရဲ႕။ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္မဟုတ္ေတာ့တာေလးတစ္ခုေတာ့ Matthewစိတ္ကူးခဲ့သည့္ထဲတြင္း မပါဝင္ေခ်။
ဆိုင္မွာ Min ဆိုသည့္ေကာင္ေလးနဲ႕ ရန္ထျဖစ္ေတာ့မလို႔ျဖစ္ခဲ့တာမလို႔ Jiwoongမ်က္ခုံးမ်ားဟာ ထိလုမတတ္ တြန့္ခ်ိဳးေနသလို ေဘးမွ Matthewကလည္း ဘာစကားမွပင္မေျပာရဲေတာ့ဘဲ ၿငိမ္ၿငိမ္ေလးေနေနရ ရွာသည္။ မဟုတ္လွ်င္ Jiwoongႏွင့္ စကားမ်ားမိလိမ့္မည္။
လမ္းအတူေလွ်ာက္လာသည္မွာ မိနစ္ပိုင္းေလာက္ေတာ့ရွိေပမဲ့ ဘာစကားမွေတာ့ခုထိ မေျပာၾကေသးေခ်။ သို႔ပင္မဲ့တစ္ေနရာအေရာက္မွာေတာ့ Jiwoongကရပ္လိုက္ၿပီး Matthewဘက္လွည့္ကာ ေမးလာသည္။
" ေစာနက ကိုယ္လြန္သြားတယ္လို႔ထင္ေနတာလား "
"ဗ်ာ! အဲ့လိုေတာ့မဟုတ္ေပမဲ့ သူမ်ားအေပၚ လက္ပါတာက်..... "
" အဲ့ေတာ့ ကိုယ္မွားတယ္လို႔ေျပာခ်င္တာေပါ့ "
စကားကိုစတင္ၿပီး အကန္ေတြေျပာလာၿပီမလို႔ Jiwoong သူ႕ကိုစိတ္ဆိုးေတာ့မည္ဆိုတာ Matthewသိလိုက္သည္။
" ကြၽန္ေတာ္ ေျပာခ်င္တာအဲ့လိုမဟုတ္ဘူးေလ Hyung...Min Hyungကလည္း နည္းနည္းစကားေျပာတာလြန္သြားေပမဲ့ ကြၽန္ေတာ္တို႔ကအဲ့ေလာက္မွ မရင္းႏွီးေသးတာ ေကာင္းေကာင္းမြန္မြန္ေျပာလည္းရတာကို လက္ပါစရာမွမလိုတာ "
" ကိုယ္အစကတည္းက ေကာင္းေကာင္းမြန္မြန္ေျပာေနတာပဲေလ ျမန္ျမန္ထြက္သြားဖို႔ေျပာတာသူမွ နားမေထာင္ဘဲ စကားကိုဆက္ေျပာတာေလ ဆိုင္ထဲမွာျဖစ္ေနလို႔ မဟုတ္ရင္ မ်က္ခြက္တစ္ခုလုံး စုတ္သြားေအာင္ထိုးပစ္ခဲ့မိမွာ "
" ေဟာ....Hyungကေလ အဲ့လိုမလိုအပ္ဘဲနဲ႕ ေဒါသကိုေရွ႕တန္းတင္ေနတာကိုကမွားေနတာ Hyung သူ႕ကိုသေဘာမက်ေနဘူးဆိုတာလည္းသိတယ္ အခုက ကြၽန္ေတာ့္ကိုပဲေမးလိုက္တဲ့ဟာကို Hyungက ေဒါသနဲ႕သြားေျဖတာကိုး "
" အဲ့တာဆို မင္းကိုေမးတဲ့ေမးခြန္းကို ငါကေျဖမိလိုက္လို႔ ငါမွားတာေပါ့ ဟုတ္လား Matthew! "
Jiwoongက စိတ္ပ်က္သြားသည့္ႏွယ္ သက္ျပင္းတစ္ခ်က္ကိုခ်လိဳက္ၿပီး
" မင္းနဲ႕ငါနဲ႕က တြဲေနၾကတာမဟုတ္ဘူးလား အဲ့ေတာ့ မင္းကိုစည္းေက်ာ္တဲ့ေမးခြန္းေတြေမးလာတာကို ငါကဝင္မေျဖရေတာ့ဘူးလား!! "
Matthewတစ္ေယာက္ ျပန္ေျပာဖို႔ပင္အားကိုမနည္းယူေနရသည္။ စလမ္းေလွ်ာက္ကတည္းက စကားမေျပာဘူးဆိုတာ အခုလိုေတြ မလိုအပ္ဘဲ စကားမ်ားမွာကို စိုးသည့္အတြက္ေၾကာင့္ပင္။
" ေတာ္ၿပီ Hyung! ကြၽန္ေတာ္တို႔ရွားရွားပါးပါးအျပင္ထြက္dateတဲ့ေန႕မွာ ရန္မျဖစ္ခ်င္ဘူး "
" အဲ့လိုရန္ျဖစ္ေအာင္လုပ္တာေရာ ဘယ္သူမလို႔လဲ အစကတည္းက ဝတ္ေက်တန္းေက်ႏႈတ္ဆက္ၿပီးရင္ရေနၿပီကို "
ထပ္ေျပာမိရင္ ပိုဆိုးလာ႐ုံအျပင္မရွိတာမလို႔ Matthewကပဲအေလွ်ာ့ေပးရေတာ့မည္။
" ဟုတ္ပါတယ္ ကြၽန္ေတာ္စကားစမျဖတ္မိလိုက္တာမွားသြားတာပါ အဲ့တာေၾကာင့္မလို႔ ေတာ္ပါေတာ့ Hyungရယ္ ကြၽန္ေတာ္တို႔ျပန္ၾကရေအာင္ "
" စကားကို ေပါ့ပ်က္ပ်က္မေျပာနဲ႕ Seok Matthew! "
နာမည္အျပည့္အစုံေခၚလာသည္မလို႔ Matthewရင္ေတြပါတုန္လာရေတာ့သည္။ သူမလိုခ်င္ဆုံးအရာက Jiwoongသူ႕အေပၚ စိတ္ဆိုးၿပီး ၿငိဳျငင္မွာကိုျဖစ္သည္။
" ကြၽန္ေတာ္မေျပာရပါဘူး Hyungရယ္ ဒီအတိုင္းပဲ....ျပန္ၾကရေအာင္ "
အခ်ိန္အားျဖင့္လည္း ညေန ေနဝင္ရီတေရာျဖစ္ေနၿပီမလို႔ ေကာင္းကင္ႀကီးမွာလည္း စတင္ေမွာင္မည္းလာေလသည္။ Matthewလည္း စိတ္ပင္ပန္းလာၿပီမလို႔ ဒီအတိုင္းေလး အိမ္ျပန္နားလိုက္ခ်င္ေတာ့သည္။
" ဒါဆိုလည္း ျပန္ေတာ့ ကိုယ္မင္းကိုလိုက္မပို႔ေတာ့ဘူး သြားစရာရွိေသးတယ္ "
မဆိုစေလာက္စကားတစ္ခြန္းကို ေျပာကာ Matthewကို ထိုပန္းၿခံထဲတြင္ထားခဲ့ၿပီး ထြက္သြားလိုက္သည့္ Jiwoong။
ထြက္သြားသည့္ ခ်စ္သူေလးရဲ႕ေက်ာျပင္ကိုၾကည့္ကာ Matthew စိတ္အားငယ္မိသလို ဝမ္းလည္းနည္းမိပါသည္။ Jiwoongက သူ႕အေပၚစိမ္းကာစြာ ဆက္ဆံသြားသည္ကို သူမေနတတ္ေခ်။
ဒါေၾကာင့္ Jiwoongစိတ္ဆိုးမည့္ ကိစၥမ်ိဳး Matthewဘယ္ေသာအခါမွ မလုပ္ျဖစ္ခဲ့ေခ်။
" ဒီကိစၥေလးအတြက္နဲ႕ ကြၽန္ေတာ့္ကိုထားခဲ့ရက္တယ္ေနာ္..."
ျဖစ္သြားသည့္ ကိစၥကိုေသခ်ာျပန္စဥ္းစားၾကည့္ရင္ အခုလိုစကားမ်ား ရန္ျဖစ္ရေလာက္တဲ့အထိ ဆိုး႐ြားတာလည္းမဟုတ္။
Minကလည္း Matthewကိုခင္မင္သည့္သေဘာျဖင့္ မုန့္ဝယ္ေကြၽးရန္ေျပာလိုက္ျခင္းသာ။ ခ်စ္သူတစ္ေယာက္လုံးကိုေရွ႕မွာထားၿပီး ရည္းစားစကားေျပာေနတာလည္းမဟုတ္သည္ကို Jiwoongကဘာေၾကာင့္မ်ား အခုလိုေတြစိတ္ဆိုးသြားရလဲ Matthewမစဥ္းစားတတ္ေတာ့ေခ်။
သက္ျပင္းတစ္ခုကိုသာ ခ်ကာ အိမ္ကို ကိုယ့္ဘာသာကိုျပန္ရန္ဆုံးျဖတ္လိုက္ေတာ့သည္။
တစ္ဖက္မွာေတာ့ အိမ္ကိုမျပန္ေသးသည့္ ကားေပၚမွ Jiwoongက ဖုန္းထုတ္ကာနံပါတ္တစ္ခုကို ဆက္လိုက္သည္။
" Hello Alex! ငါဒီညလာခဲ့မယ္ "
__________________________________________
Thanks for reading 🌸
Bạn đang đọc truyện trên: TruyenTop.Vip